မြောက်ကိုရီးယားသည် ပြုံယမ်းတွင် အမေရိကန် ဆန့်ကျင်ရေး လူထုစုဝေးပွဲ ပြုလုပ်

2023-06-26 18:02:54
အရင်းအမြစ်:国际在线

"ဇွန်လ ၂၅ ရက် အမေရိကန်ဆန့်ကျင်ရေး တိုက်ပွဲနေ့" လူထုစုဝေးပွဲများကို ၂၅ ရက်နေ့ က ပြုံယမ်းမြို့ရှိ နေရာ အနှံ့ တွင် ကျင်းပခဲ့ရာ လူထုအဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ စက်ရုံနှင့် လုပ်ငန်းကုမ္ပဏီများမှ ဝန်ထမ်းများ၊ အလုပ်သမားများနှင့် လူငယ် ကျောင်းသားကျောင်းသူများသည် အဆိုပါ စုဝေးပွဲသို့ တက်ရောက်ကြကာ ပါဝင်သူဦးရေမှာ စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိသည်။

ဇွန်လ ၂၅ ရက်နေ့သည် မြောက်ကိုရီးယားပြည်သူများအတွက် ပျောက် ကင်း နိုင်မှာ မဟုတ်သော ဒဏ်ရာများကို ချန်ထားခဲ့ကြောင်း စုဝေးပွဲ၌ ဟောပြောသူအများအပြားက ပြောကြားခဲ့သည်။ နယ်ချဲ့ဝါဒ ကျင့်သုံးသော အမေရိကန်သည် ကျူးကျော်စစ်ပွဲ ဆင်နွှဲသဖြင့် မြောက်ကိုရီးယားလူမျိုး အား ကြီးမားသော ဒုက္ခများ ကြုံတွေ့စေခဲ့သည်။

မြောက်ကိုရီးယားသည် ပြုံယမ်းတွင် အမေရိကန် ဆန့်ကျင်ရေး လူထုစုဝေးပွဲ ပြုလုပ်