Shenhai အမှတ် ၁ သဘာဝဓာတ်ငွေ့မြေတွင် ၂ နှစ်အတွင်း ဓာတ်ငွေ့ ကုဗမီတာ ၅ ဘီလီယံကျော် ထုတ်လုပ်

2023-06-26 18:06:13
အရင်းအမြစ်:国际在线

ဇွန်လ ၂၅ ရက်နေ့သည် တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင် ရှာဖွေ တူးဖော်သည့် ရေအောက် မီတာ ၁၅၀၀ အနက် သဘာဝဓာတ်ငွေ့မြေ ဖြစ်သည့် Shenhai အမှတ် ၁ သဘာဝဓာတ်ငွေ့မြေ စတင်လည်ပတ်သည့် ၂ နှစ် ပြည့်မြောက်နှစ် ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ ဘီလီယံကျော် ထုတ်လုပ်ခဲ့ ပြီဖြစ်သည်။ ယင်းသဘာဝဓာတ်ငွေ့မြေသည် Sanya မြို့နှင့် ကီလိုမီတာ ၁၅၀ ကွာဝေးပြီး ၂၀၁၄ ခုနှစ်က ရှာဖွေ တွေ့ရှိပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် သဘာဝဓာတ်ငွေ့ စတင် တရားဝင် ထုတ်လုပ် ခြင်း ဖြစ်သည်။ ယင်းသဘာဝဓာတ်ငွေ့မြေတွင် သဘာဝဓာတ်ငွေ့ပမာဏမှာ ကုဗမီတာ ဘီလီယံ ၁၀၀ ကျော် ရှိကြောင်း သတင်းအရ သိရပါသည်။

Shenhai အမှတ် ၁ သဘာဝဓာတ်ငွေ့မြေတွင် ၂ နှစ်အတွင်း ဓာတ်ငွေ့ ကုဗမီတာ ၅ ဘီလီယံကျော် ထုတ်လုပ်