Fentanyl ဆေးကြောင့် တရုတ်ကုမ္ပဏီအား အမေရိကန်က တရားစွဲခြင်းကို ကုန်သွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်

2023-06-27 18:43:44
အရင်းအမြစ်:国际在线

Fentanyl နှင့် ပတ်သက်သည့် ပြဿနာများကြောင့် တရုတ်ကုမ္ပဏီများကို တရားစွဲဆိုရန် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ ကြေညာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှသက်ဆိုင်ရာတာဝန်ရှိသူက တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအား အမြဲတမ်း တင်းကျပ်စွာ ကြပ်မတ်ထားကြောင်း ၊ လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးတွင် Fentanyl နှင့်ဆက်နွှယ်သောဆေးဝါးများကို ထိန်းချုပ်ရမည့် ပစ္စည်းအဖြစ် စာရင်းပြုစုရာတွင် ဦးဆောင်နေပြီး Fentanyl တရားမဝင်ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းကို တားဆီးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ အမေရိကန်သည် “အထောက်အထား” ဟူသည်ကို တရားမဝင် ရယူပြီး တရုတ် ကုမ္ပဏီ များကို တရားစွဲဆိုခြင်းသည် သိသာသော တစ်ဖက်သတ်အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်၍ တရုတ်နိုင်ငံသည် ယင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကာ တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသားအကာအကွယ် ပေးမည် ဖြစ်ကြောင်း ၂၆ ရက်နေ့တွင် တုံ့ပြန်ပြောဆိုပါသည်။

Fentanyl ဆေးကြောင့် တရုတ်ကုမ္ပဏီအား အမေရိကန်က တရားစွဲခြင်းကို ကုန်သွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်