ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto အား သီးသန့်အင်တာဗျူး ရာဝယ်
2023-06-28 20:37:33
အရင်းအမြစ်:国际在线
ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto သည် CMG ၏သီးသန့်အင်တာဗျူးအား ဖြေကြားရာ၌ ယူကရိန်းအန္တရာယ်၊ နေတိုးအဖွဲ့ဝင်များ အရှေ့ဘက်သို့တိုးချဲ့ခြင်း၊ Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုအပါအဝင် နိုင်ငံတကာ Hot Spot ပြဿနာများစွာအကြောင်း ဖြေကြားခဲ့သည်။
ဝန်ကြီးက ဟန်ဂေရီနိုင်ငံ၏ လမ်းညွှန်ချက်သည် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသည့် ဦးတည်ချက်ကို အမြဲညွှန်ပြနေကြောင်း၊ ၎င်း၏အမြင်တွင် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်း သည့် အကောင်းဆုံးနည်းလမ်းသည် ငြိမ်းချမ်းရေးအား တန်ဖိုးထား၍ အငြင်းပွားမှုများကို ဖြေရှင်းကာ အပြန်အလှန်အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။