Special Yunnan Lifestyle | ယူနန်တောရိုင်းမှို၏ မွှေးရနံ့ သင်းပျံ့လျက်ရှိ

2023-06-28 20:42:10
အရင်းအမြစ်:春城晚报

တောရိုင်းမှိုသည် ယူနန်ပြည်နယ်တွင် အထူးထွက် စားကောင်းသောက်ဖွယ်ဖြစ်ပါသည်။ နွေရာသီရောက်တိုင်း စျေးကွက်တွင် အလွန် ရေပန်းစားလျက်ရှိပါသည်။ ယူနန်ပြည်နယ် ယွိရှီးမြို့ ထုံးဟိုင်ခရိုင်တွင် သပ်သပ်ရပ်ရပ် စီထားသော ခြင်းတောင်းများတွင် တောရိုင်းမှိုများကို ခင်းကျင်းထားသည်မှာ လတ်ဆတ်မှုရှိပြီး စားသုံးသူများအား လာရောက်ဝယ်ယူရန် များစွာ ဆွဲဆောင်နေပါသည်။

“မိုးရွာသွန်းမှုနဲ့ မိုးခေါင်မှုဒဏ်ကြောင့် ယူနန်ပြည်နယ်မှာ ဒီနှစ် တောရိုင်းမှို ရောင်းချရတဲ့အချိန်ဟာ အခုနှစ်မှာ နည်းနည်းတော့ နှောင့်နှေးသွားခဲ့ပါတယ်။ အခုရက်ပိုင်းမှာ တောရိုင်းမှို များပြားလာပြီး အရည်အသွေးလည်း ပိုကောင်းလာတယ်”ဟု တောရိုင်းမှိုရောင်းချသူ လီချင်ဟွာက ပြောဆိုပါသည်။ တောရိုင်းမှိုများမှာ ခြောက်သွေ့ပြီး ပေါ့ပါးသည့်အတွက် ယခုကာလအတွင်း မှိုဝယ်ယူလျှင် စျေးနှုန်း အသက်သာဆုံးဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုပါသည်။

မိုးရွာသွန်းမှု များပြားလာသည်နှင့်အမျှ ယူနန်ပြည်နယ်သည် လာမည့်လတွင် တောရိုင်းမှိုများ၏ ရောင်းချမှု အထွတ်အထိပ်ရာသီသို့ ရောက်ရှိလာမည်ဖြစ်ပြီး တောရိုင်းမှို၏ မျိုးစိတ်များလည်း ပိုမိုပေါများလာမည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - နွေဦးမြို့ညနေခင်းသတင်းစာ။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | ယူနန်တောရိုင်းမှို၏ မွှေးရနံ့ သင်းပျံ့လျက်ရှိ