Special Yunnan Lifestyle | တရုတ်-မြန်မာနယ်စပ်ရှိ "ဥဒေါင်း၏ မွေးရပ်မြေ" တွင် ဒေါင်းစိမ်းများ ပေါ်ထွက်လာ

2023-06-28 20:44:08
အရင်းအမြစ်:德宏州委宣传部

မကြာသေးမီက တရုတ်-မြန်မာနယ်စပ်ရှိ တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ဒေါင်းစိမ်းများ ပေါ်ထွက်ပြီး ရွာသားများသည် ဒေါင်းစိမ်းများကို အကြိမ်ကြိမ် ဓာတ်ပုံရိုက်ခဲ့ကြသည်။

တရုတ်နိုင်ငံ ကျုံစန်းတက္ကသိုလ် (Sun Yat-sen University) ဂေဟဗေဒကောလိပ်မှ ပါမောက္ခ လျူရန်သည် အဆိုပါ ရိုက်ကူးထားသည့် ဗီဒီယိုကို မြင်တွေ့ပြီး ၎င်းမှာ ဒေါင်းစိမ်းတစ်ကောင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဒေါင်းစိမ်းသည် တရုတ် အမျိုးသားပထမအဆင့် အဓိကကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံပြည်တွင်း၌ တောရိုင်းဒေါင်းစိမ်းအကောင်ရေမှာ ၆၀၀ ခန့်သာရှိသည်။ တယ်ဟုန်ပြည်နယ်ခွဲကို "ဥဒေါင်း၏ မွေးရပ်မြေ" ဟု လူသိများသည်။ ယခုနှစ်ပိုင်းအတွင်းတွင် ၎င်းဒေသ၌ ဒေါင်းစိမ်းများကို မြင်တွေ့ရသည့် မှတ်တမ်းများ ရှိခဲ့သော်လည်း ယခင်က ဗီဒီယိုအထောက်အထားများ မရှိခဲ့ပေ။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန။ ဘာသာပြန် - Yunnan gateway)

Special Yunnan Lifestyle | တရုတ်-မြန်မာနယ်စပ်ရှိ "ဥဒေါင်း၏ မွေးရပ်မြေ" တွင် ဒေါင်းစိမ်းများ ပေါ်ထွက်လာ