တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

2023-06-28 20:50:07
အရင်းအမြစ်:新华社

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်းမ်မင်းချင်း (Pham Minh Chinh) နှင့် ပေကျင်းမြို့၌ ဇွန် ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယခုနှစ်သည် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ထောင်ခြင်း ၁၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ လမ်းညွှန်မှုအရ ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံကြား ခိုင်မာသောအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ မှန်ကန်သောနိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ကျင့်သုံးရေး၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းများ၌ ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ တရုတ်-အာဆီယံနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) မူဘောင်အတွင်း နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုရှိရေး လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း လီက ပြောခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး