တရုတ်-မြန်မာ နယ်စပ်ရှိ ယုံတယ်ခရိုင် မွန်တီးခြံက သရက်သီးတွေကို ဘယ်လို ရောင်းချသလဲ

2023-06-29 19:59:03
အရင်းအမြစ်:永德县融媒体中心

ဇွန်လမှ ဇူလိုင်လသည် ချိုမြိန်သော ရာသီဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်ရှိ ယုံတယ်ခရိုင်တွင် သရက်သီး ဆွတ်ခူးရာသီ စတင်လာပါသည်။ အဓိကထွက်ရှိရာနေရာဖြစ်သည့် မွန်တီးခြံ၌ နေ့စဥ်နေ့တိုင်း သရက်သီးများကို တရုတ်နိုင်ငံတစ်ဝှမ်းလုံးသို့ တင်ပို့ရောင်းချလျက်ရှိနေပါသည်။သရက်သီးစိုက်တောင်သူ လီဖူးကျူ၏ သရက်ခြံထဲ၌ လမ်းလျှောက်ရင်း သူမသည် သရက်သီးများ၏ ရင့်မှည့်မှုကို စစ်ဆေးခြင်းဖြင့် အလုပ်များနေပါသည်။ “နှစ်စဉ် သရက်သီးဆွတ်ခူးရာသီဟာ ကျွန်မတို့ ဇာတိရဲ့ မိုးရာသီ ဖြစ်ပါတယ်။ မိုး အဆက်မပြတ်ရွာသွန်းရင် သရက်သီးတွေရဲ့ အရည်အသွေးကို ထိခိုက်နိုင်တာကြောင့် သရက်သီးတွေ ရင့်မှည့်လာတာနဲ့ အချိန်မီ ခူးဆွတ်ရောင်းချရပါတယ်”ဟု လီဖူးကျူက ပြောဆိုပါသည်။“အရင်တုန်းကတော့ ဝယ်သူတွေဆီ ဆက်သွယ်ဖို့ ခရီးထွက်ရခဲ့ပါတယ်။ အခုတော့ ရပ်ရွာထဲမှာ သရက်သီးဝယ်တဲ့ နေရာတွေ ရှိလာပါတယ်။ အိမ်တံခါးဝမှာတင်ပဲ သစ်သီးတွေ ရောင်းလို့ရလာပါတယ်”ဟု လီဖူးကျူက ဆက်လက်ပြောဆိုပါသည်။

“တစ်ချို့သောသရက်သီးတွေကို ဝယ်သူထံ အမြဲရောင်းချပေးပါတယ်။ တစ်ချို့ကိုတော့ အွန်လိုင်းကတစ်ဆင့် ရောင်းပါတယ်။ တစ်နှစ်တာ ဆွတ်ခူးရရှိတဲ့ သရက်သီးတွေ အားလုံးနီးပါး ရောင်းကုန်ပါတယ်။”တက္ကသိုလ်မှဘွဲ့ရပြီးနောက် လျူယီရှန်းသည် စီးပွားရေးလုပ်ငန်းကို စတင်ထူထောင်လုပ်ကိုင်ရန် သူ၏မွေးရပ်မြေသို့ ပြန်ရောက်ခဲ့ပါသည်။ သရက်သီးနှင့် လိုက်ချီးသီးများကို စိုက်ပျိုးကာ မျိုးဆက်သစ် စိုက်ပျိုးရေးသမား ဖြစ်လာပါသည်။ “ယုံတယ်ခရိုင်ထွက် သရက်သီးတွေကို အရောင်းမြှင့်တင်ဖို့နဲ့ ပိုမိုများပြားတဲ့ စားသုံးသူတွေ မြည်းစမ်းနိုင်ဖို့ သရက်သီးတွေကို အွန်လိုင်းကတစ်ဆင့် ရောင်းချပါတယ်”ဟု လျူယီရှန်းက ပြောဆိုပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယုံတယ်ခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာ နယ်စပ်ရှိ ယုံတယ်ခရိုင် မွန်တီးခြံက သရက်သီးတွေကို ဘယ်လို ရောင်းချသလဲ