Virgin Galactic သည် ပထမဆုံးအကြိမ် စီးပွားဖြစ် အာကာသပျံသန်းမှု ပြီးမြောက်

2023-06-30 18:38:20
အရင်းအမြစ်:国际在线

ဇွန်လ ၂၉ ရက်နေ့က Virgin Galactic အာကာသယာဉ်၏ ပထမဆုံးအကြိမ် စီးပွားဖြစ် အာကာသပျံသန်းမှု ပြုလုပ်နေစဉ် အီတလီပညာရှင်များသည် မိုက်ခရိုဆွဲငင်အား စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြပါသည်။ ပျံသန်းမှုပြီးနောက် Virgin Galactic သည် သြဂုတ်လတွင် စီးပွားဖြစ်ပျံသန်းမှု စတင်ရန် စီစဉ်ထားပြီး လက်မှတ်ဝယ်ယူကာ လိုက်ပါစီးနင်းနိုင်ပါသည်။ ယခုအထိ Virgin Galactic သည် အာကာသခရီးသွား လက်မှတ် အစောင်၈၀၀ကို ရောင်းချခဲ့ပြီ ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ တစ်စောင်ကို အမေရိကန်ဒေါ်လာ ၄သိန်း၅သောင်း ဖြစ်ပါသည်။

Virgin Galactic သည် ပထမဆုံးအကြိမ် စီးပွားဖြစ် အာကာသပျံသန်းမှု ပြီးမြောက်