ထူးခြားတဲ့ “နှစ်ပတ်လည်အမှာစကား”

2023-06-30 18:45:20
အရင်းအမြစ်:国际在线

ဇူလိုင်လ ၁ ရက်နေ့ဟာ တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း (၁၀၂) နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်ပတ်လည်အကြိုမှာ ရှီကျင့်ဖိန်က “ပါတီကြီးတွေမှာသာရှိတဲ့ ပြဿနာတွေဖြေရှင်းရေးနှင့်ဘက်စုံတင်းကျပ်တဲ့ပါတီစီမံအုပ်ချုပ်ရေးစနစ် မြှင့်တင်ရေးတို့ကိုအရေးကြီးတာဝန်အဖြစ် ခံယူပြီး အမျိုးသားပြန်လည်ရှင်သန်ရေး အရေးကြီးတာဝန်ထမ်းဆောင်ထိုက်တဲ့ အရည်အသွေးမြင့်မားတဲ့ အုပ်ချုပ်ရေးအမာခံအဖွဲ့ကိုအင်တိုက်အားတိုက် တည်ဆောက်ရမယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒီ “နှစ်ပတ်လည်အမှာစကား” က ဘယ်လိုသတင်းအချက်အလက်များကိုဖော်ပြနေပါသလဲ။

အာဏာရပါတီတစ်ခု မိမိကိုယ်ကို ပြုပြင်ပြောင်းလဲခြင်းဟာ နေ့ချင်းညချင်းမပြီးမြောက်နိုင်ဘဲ အသစ်တဖန် ပြန်လည်မွေးဖွားခြင်းဆိုတဲ့ လုပ်ငန်းစဉ်ကိုဖြတ်သန်းရန် လိုအပ်ပါတယ်။ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကိုပြုပြင်ရန်၊ အကျင့်ပျက်ခြစားမှုကိုအားကောင်းစွာတိုက်ဖျက်အရေးယူရန်၊ မိမိကိုယ်ကို မြှင့်တင်တဲ့ စနစ်နဲ့ အာမခံချက်ပေးရန် စတာတွေလိုအပ်ပါတယ်။ ပါတီကိုတင်းကျပ်စွာအုပ်ချုပ်ရေး၊ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရေးတို့ကိုလိုက်နာကာကမ္ဘာပေါ်ရှိပါတီကြီးများမှာသာရှိတဲ့ ပြဿနာတွေကိုဖြေရှင်းရန်၊ အာဏာရပါတီရဲ့ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲခြင်းဖြင့် လူမှုရေးပြုပြင်ပြောင်းလဲမှုကိုဦးဆောင်ပြီးဖရိုဖရဲဖြစ်မှု၊ ဆင်းရဲမှုနှင့်ဆုတ်ယုတ်မှုရဲ့ သမိုင်းသံသရာမှ ခုန်ထွက်နိုင်ရန်၊ တရုတ်ပြည်သူများအား ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝများ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပါတယ်။

ထူးခြားတဲ့ “နှစ်ပတ်လည်အမှာစကား”