ဖုန်လိယွမ်သည် တရုတ်-အာဖရိကအမျိုးသမီးများဖိုရမ်သို့ ဗီဒီယိုစနစ်ဖြင့် မိန့်ခွန်းပြောကြား

2023-06-30 18:54:14
အရင်းအမြစ်:国际在线

ဇွန်လ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဇနီး၊ ကုလသမဂ္ဂယူနက်စကိုအဖွဲ့မှ မိန်းကလေးငယ်များနှင့် အမျိုးသမီးများပညာရေးတိုးမြှင့်ရေးအထူးသံတမန် ဖုန်လိယွမ်သည် တရုတ်-အာဖရိကအမျိုးသမီးများဖိုရမ်သို့ ဗီဒီယိုစနစ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဖုန်လိယွမ်ကတရုတ်နှင့် အာဖရိကတို့သည် အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူအသိုက်အဝန်းဖြစ်ပြီးအမျိုးသမီးများသည် တရုတ်နှင့် အာဖရိကချစ်ကြည်ရေးမိသားစုတွင် အရေးကြီးသည့် မိသားစုဝင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတရုတ်နှင့် အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ မူဘောင်အတွင်းတရုတ်နှင့် အာဖရိကအမျိုးသမီးများသည် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ပြီးအတူတကွ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအခန်းကဏ္ဍများကိုဖော်ဆောင်ခဲ့ကြကြောင်း၊ တရုတ်နှင့် အာဖရိကနိုင်ငံများသည် အမျိုးသမီးများ၏လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုလွန်စွာအလေးထားပါကြောင်း၊ မိမိသည် အားလုံးနှင့်အတူဘေကျင်းနိုင်ငံတကာအမျိုးသမီးများညီလာခံနှင့် ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများထိပ်သီးအစည်းအဝေးများ၏ ရည်မှန်းချက် စိတ်ဓာတ်များထွန်းကားလာအောင် ဆောင်ရွက်ပြီးဘက်အသီးသီးမှ အင်အားများကိုစုစည်း၍ အမျိုးသမီးဆိုင်ရာလုပ်ငန်းများဘက်စုံတိုးတက်လာအောင် တွန်းအားပေးပြီးခေတ်သစ်တွင် တရုတ်နှင့် အာဖရိကကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးကိုတွန်းအားပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့ပါသည်။

တရုတ်-အာဖရိကအမျိုးသမီးများဖိုရမ်ကို ၂၉ ရက်နေ့တွင် ဟူနန်ပြည်နယ် ချန်ရှားမြို့၌ စတင်ကျင်းပခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ဖုန်လိယွမ်သည် တရုတ်-အာဖရိကအမျိုးသမီးများဖိုရမ်သို့ ဗီဒီယိုစနစ်ဖြင့် မိန့်ခွန်းပြောကြား