လီချန်သည် အရှေ့တီမော ဝန်ကြီးချုပ်သစ် Xanana Gusmao ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

2023-07-03 18:14:21
အရင်းအမြစ်:国际在线

ဇူလိုင်လ ၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် အရှေ့တီမောနိုင်ငံ၏ အသစ်ရွေးချယ်ခံရသော ဝန်ကြီးချုပ် Xanana Gusmao ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ လီချန်က ခင်ဗျားသည် အရှေ့တီမောပြည်သူများ ချစ်မြတ်နိုးသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တရုတ်ပြည်သူများ၏ မိတ်ဆွေကောင်းလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို နှစ်ပေါင်းများစွာ ဂရုစိုက်နေကြောင်း၊ နှစ်နိုင်ငံတို့အကြား အိမ်နီးချင်းကောင်းဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်အကျိုးရှိစေ မည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ ရှေးရှုချီတက်စေရန်နှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ သုခချမ်းသာမှုအတွက် ခင်ဗျားနှင့်အတူ အဆက်မပြတ် တွန်းအားပေးလို ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြပါရှိပါသည်။

လီချန်သည် အရှေ့တီမော ဝန်ကြီးချုပ်သစ် Xanana Gusmao ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့