တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆဋ္ဌမအကြိမ်မြောက် စုပေါင်း သင်ယူလေ့လာမှု ပြုလုပ်

2023-07-03 18:20:33
အရင်းအမြစ်:国际在线

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် မာ့က်စ်ဝါဒ တရုတ်အသွင်ပုံစံကျအောင် ခေတ်နှင့်တပြေးညီဖြစ်စေရေးဆိုင်ရာ အခန်းကဏ္ဍသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ဆဋ္ဌမအကြိမ်မြောက် စုပေါင်း သင်ယူလေ့လာမှုကို ပြုလုပ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် စုပေါင်းသင်ယူလေ့လာမှုကို ဦးစီးပြုလုပ်ရာတွင် မာ့က်စ်ဝါဒ တရုတ်အသွင်ပုံစံကျအောင် ခေတ်နှင့်တပြေးညီဖြစ်စေရေးဆိုင်ရာ အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန် အရေးကြီးသော တာဝန်သည် ယခုခေတ်တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ တည်ကြည်လေးနက်သော သမိုင်းပေးတာဝန် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အစီရင်ခံစာတွင် သမိုင်းအတွေ့အကြုံများကို စုပေါင်းသုံးသပ်သည့်အခြေခံပေါ်တွင် သီအိုရီ တီထွင်ဆန်းသစ်မှု မြှင့်တင်ရန် သိပ္ပံနည်းကျသော နည်းလမ်းများကို တင်ပြပြီး ရှင်းလင်းဖော်ပြခြင်းမှာ ပါတီ၏ သီအိုရီ တီထွင်ဆန်းသစ်မှု ဆက်လက်မြှင့်တင်ရန်အတွက် အရင်းခံဦးတည်ချက်ကို ထောက်ပံ့ ပေး၍ မိမိတို့အနေဖြင့် ကောင်းမွန်စွာ ကိုင်စွဲထားပြီး အသုံးပြုရန်လိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီဝန်ထမ်းကျောင်း ဒုတိယကျောင်းအုပ်ကြီး လီဝင်ထန်သည် ယင်းနှင့်ပတ်သက်ပြီး ရှင်းလင်းဖော်ပြပြီး လုပ်ငန်းအကြံပြုချက်များကို တင်ပြခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များသည် ရှင်းလင်းဖော်ပြချက်ကို သေချာစွာ ကြားနာပြီး ဆွေးနွေးခဲ့ကြပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ဆဋ္ဌမအကြိမ်မြောက် စုပေါင်း သင်ယူလေ့လာမှု ပြုလုပ်