၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာ စမတ် စက်မှုလုပ်ငန်း ကုန်စည်ပြပွဲ စတင်ကျင်းပ
2023-09-05 17:45:12
အရင်းအမြစ်:国际在线
စက်တင်ဘာလ ၄ ရက်နေ့က ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာ စမတ်စက်မှုလုပ်ငန်း ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ချုံချင့်မြို့တွင် စတင်ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ လုပ်ငန်း ၅၀၀ ကျော်တို့သည် စမတ်စက်မှုလုပ်ငန်းနှင့် ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်း အသစ်၊ နည်းပညာအသစ်နှင့် အသုံးပြုမှုအသစ်များကို ခင်းကျင်းပြသခဲ့ကြပါသည်။
၄င်းကုန်စည်ပြပွဲကို ပလက်ဖောင်းအဖြစ် ယခုနှစ်တွင် ချုံချင့်မြို့သည် Intelligent ချိတ်ဆက်ထားသော စွမ်းအင်သစ်မော်တော်ယာဉ်များ ထုတ်လုပ်မှုနှင့် တီထွင်မှုစသည်တို့ ကို အဓိကထားပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သမားရိုးကျစက်မှုလုပ်ငန်း ဒီဂျစ်တယ်နှင့် စမတ်ဖြစ်စေရန် တိုးတက်ပြောင်းလဲရေးကို တွန်းအားပေးပြီး ခေတ်မီ စက်မှုလုပ်ငန်း စနစ်တည်ဆောက်ရေးကို ဆက်တိုက်မြှင့်တင်မည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။