ယခုနှစ် ပထမ ၈ လပိုင်းအတွင်းတရုတ် သွင်းကုန်ပို့ကုန် ပမာဏ စုစုပေါင်းယွမ် ဘီလီယံ ၂၇၀၈၀ ရှိ
တရုတ် အကောက်ခွန် ဌာနချုပ်မှသတင်းအရ ယခုနှစ် ပထမ ၈ လပိုင်းအတွင်းတရုတ် သွင်းကုန်ပို့ကုန် ပမာဏ စုစုပေါင်းယွမ် ဘီလီယံ ၂၇၀၈၀ ရှိပြီး အလားတူ အချိန်ပိုင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သမိုင်းတွင် မြင့်မား သော နေရာ၌ တည်ရှိကြောင်း သိရသည်။
အကောက်ခွန်ဌာနချုပ်မှ စာရင်းအရ ယခုနှစ် ပထမ ၈ လပိုင်းအတွင်းတရုတ် သွင်းကုန်ပို့ကုန် ပမာဏ စုစုပေါင်းယွမ် ဘီလီယံ ၂၇၀၈၀ ရှိပြီး အလားတူအချိန်ပိုင်းကထက် ၀.၁ ရာခိုင်နှုန်း အနည်းငယ် ကျဆင်းသွားကြောင်း၊၎င်းတို့အနက် ပို့ကုန်ပမာဏမှာ ယွမ် ဘီလီယံ ၁၅၄၇၀ ရှိပြီး အလားတူအချိန်ပိုင်းကထက် ၀.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊သွင်းကုန် ပမာဏမှာ ယွမ် ဘီလီယံ ၁၁၆၁၀ ရှိပြီး ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။သြဂုတ်လတွင် တရုတ်သွင်းကုန်ပို့ကုန် ပမာဏမှာ ယွမ် ဘီလီယံ ၃၅၉၀ ရှိပြီးဇူလိုင်လကထက် ၃.၉ရာခိုင်နှုင်း တိုးလာကာ လစဉ် သွင်းကုန်ပို့ကုန် ပမာဏသည် တည်ငြိမ်သော အခြေအနေရှိကြောင်း သတင်းအရ သိရပါသည်။