တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်၏ အဋ္ဌမအကြိမ်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကို ဘေကျင်းတွင် ကျင်းပပြီး ရှီကျင့်ဖိန်နှင့် ပါတီ၏အခြားခေါင်းဆောင်တို့ တက်ရောက်ဂုဏ်ပြု
တရုတ်နိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်၏ အဋ္ဌမအကြိမ်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ ကို ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ယခုလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ကျင်းပ ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန်၊လီချန်၊ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ချိုက်ချီစသည့် ပါတီနှင့် နိုင်ငံခေါင်းဆောင်များတက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း၊ တင်းရွှေးရှမ်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့်နိုင်ငံတော်ကောင်စီကိုယ်စား "တရုတ်အသွင်ပုံစံခေတ်မီရေးဖြစ်စဉ်တွင် မသန်စွမ်း သူများအတွက် ပိုမိုကောင်းမွန်သောဘဝကို အတူတကွဖန်တီးပေးခြင်း" ခေါင်းစဉ်ဖြင့် အမှာစကား ပြောကြားခဲ့သည်။ ညီလာခံကျင်းပခြင်းကို လှိုက်လှုဲစွာဂုဏ်ပြုပြီး ပြည်လုံးဆိုင်ရာမသန်စွမ်းသူ များအတွက်၊ မသန်စွမ်းသူများ၏ မိသားစုများနှင့် မသန်စွမ်းသူ လုပ်ငန်း ဆောင်ရွက်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး မသန်စွမ်းသူလုပ်ငန်းများကို ဂရုစိုက်အားပေးကူညီပံ့ပိုးပေးကြသော နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များအား အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။