တရုတ်နိုင်ငံသည် "Global South" ၏ သဘာဝအဖွဲ့ဝင်နိုင်ငံဖြစ်မြဲ ဖြစ်နေသည်
ဖွံ့ဖြိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဝင်ငွေမညီမျှမှု ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် " Global South "ရှိ နိုင်ငံများ၏ စိုးရိမ်ပူပန်မှုများသည် အဓိကဆွေးနွေးသည့်အကြောင်းအရာများ ဖြစ်လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် "Global South" ၏ သဘာဝအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တောင်းဆိုချက်များနှင့် အဆိုပြုချက်များကို ဖော်ပြရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း အစည်းအဝေးများစွာ တက်ရောက်မည်ဖြစ်သည်။
"Global South" ဆိုတာ ဘာလဲ။ ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများစုပေါင်းကို ရည်ညွှန်းသည်။ မကြာသေးမီက ကျင်းပခဲ့သည့် "G77 နှင့် တရုတ်" ထိပ်သီးအစည်းအဝေးတွင် ရှင်းရှင်းလင်းလင်း အဖြေတစ်ခု ပေးခဲ့ပြီ။ ထိပ်သီးအစည်းအဝေးသည် "ဟာဗားနား ကြေညာစာတမ်း" ကို အတည်ပြုပြီး တရုတ်၏ အယူအဆနှင့် အဆိုပြုချက်များစွာကို ထည့်သွင်းခဲ့သည်။ ဤသည်မှာ "Global South" မှ ထုတ်လွှတ်သော စည်းလုံးညီညွတ်မှုနှင့် မိမိကိုယ်ကို ခိုင်ခံ့မှု၏ အချက်ပြမှုဖြစ်ပြီး တရုတ်နိုင်ငံသည် "Global South" ၏ သဘာဝအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်းလည်း ထပ်မံ သက်သေပြနေ ပါသည်။တရုတ်နိုင်ငံသည် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တူညီသော သမိုင်းဝင်အတွေ့အကြုံများနှင့် ရုန်းကန်မှုများရှိပြီး တူညီသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာများနှင့် လုပ်ငန်းတာဝန်များကို ရင်ဆိုင်ရပြီး လက်ရှိ နိုင်ငံတကာ အစီအစဉ်နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအပေါ် အလားတူ အမြင်နှင့် တောင်းဆိုမှုများရှိသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် ၂၀၀၄ ခုနှစ်တွင် " Global South ကို တည်ဆောက်ခြင်း" အစီရင်ခံစာကို ထုတ်ပြန်သောအခါ တရုတ်ကို " Global South " နိုင်ငံအဖြစ် ရှင်းရှင်းလင်းလင်း ခွဲခြားသတ်မှတ်ခဲ့သည်။
သမိုင်းကြောင်းအရ တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ကာလကြာရှည်စွာ ခံခဲ့ရပြီး အမျိုးသား လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး ကြိုးပမ်းမှုတွင် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများနှင့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု ထူထောင်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ နိုင်ငံများသည် ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏တရားဝင်ထိုင်ခုံနေရာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် အရေးပါသော ပံ့ပိုးကူညီမှုများ ပေးခဲ့သည်။ ဤအေးအတူ ပူအမျှဖြစ်သော သမိုင်းကြောင်းသည် "Global South" အား တရုတ်နိုင်ငံ၏ သဘာဝဗီဇဖြစ်ကြောင်း ဆုံးဖြတ်ထားပါသည်။