ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသည့် တောင်သူများအတွက် အဆင်ပြေနေသည့် ချုံချင့်မြို့၏ မြေအောက်ရထား “ကျောပိုးပလိုင်းအထူးလိုင်း”

2023-09-27 17:18:43
အရင်းအမြစ်:国际在线

စက်တင်ဘာလ ၂၀ရက်နေ့က ချုံချင့်မြို့မြေအောက်ရထား နံပါတ်-၄လိုင်း Shichuanဘူတာ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသည့်တောင်သူများသည် ပလိုင်းကို ကျောပိုးပြီး မြေအောက်ရထားစီးရန် ဘူတာကိုဝင်ခဲ့ကြပါသည်။ ချုံချင့်မြို့မြေအောက်ရထား နံပါတ်-၄ လိုင်း သည် ချုံချင့်မြို့မြေအောက်ရထားကွန်ရက်တွင် အဓိကလိုင်း တစ်လိုင်းဖြစ်ပါသည်။ အနီးတဝိုက်ရှိ ရွာသူရွာသားများသည် ဟင်းသီးဟင်းရွက် အမျိုးမျိုး ထည့်ထားသော ပလိုင်းကို ကျောပိုးပြီး မြေအောက်ရထားစီးကာ မြို့လယ်သို့ သွားရောက် ရောင်းချ မှုများသည် များသထက်များလာပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများသည် ချုံချင့်မြို့မြေအောက်ရထားလိုင်းကို “ကျောပိုးပလိုင်းအထူးလိုင်း”ဟု ခင်မင်စွာ ခေါ်ဝေါ်ကြလျက်ရှိပါသည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသည့် တောင်သူများအတွက် အဆင်ပြေနေသည့် ချုံချင့်မြို့၏ မြေအောက်ရထား “ကျောပိုးပလိုင်းအထူးလိုင်း”