တရုတ်နိုင်ငံသည် Yaogan 33-04 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့
2023-09-27 17:50:07
အရင်းအမြစ်:国际在线
ဘေကျင်းစံတော်ချိန် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ Long March 4C သယ်ဆောင်ဒုံးပျံကို အသုံးပြုပြီး Yaogan 33-04 ဂြိုဟ်တုအား အောင်မြင်စွာလွှတ်တင်ခဲ့ပါသည်။ ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းသို့ ချောမွေ့ စွာ ဝင်ရောက်ခဲ့ပါသည်။ယင်းဂြိုဟ်တုကို သိပ္ပံနည်းကျ စမ်းသပ်မှု၊ မြေယာနှင့် သယံဇာတ စုံစမ်းစစ်ဆေးရေး၊ လယ်ယာထွက်ကုန် ထုတ်လုပ်မှု ခန့်မှန်းချက်နှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးတို့တွင် အဓိကအားဖြင့် အသုံးပြုပါသည်။