တတိယအကြိမ်မြောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် အတည်ပြုထား
2023-09-28 17:37:44
အရင်းအမြစ်:新华社
တတိယအကြိမ်မြောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆက်တိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံပေါင်း ၁၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ရန် အတည်ပြုထားပြီး ဖြစ်သလို နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အများအပြား တက်ရောက်ရန်လည်း အတည်ပြုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက စက်တင်ဘာ ၂၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနေဖြင့် ဖိုရမ်ကျင်းပရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)