China Media Group၏ “Journey Through Civilizations” တစ်ကမ္ဘာလုံးဆိုင်ရာ နယ်လှည့် ခင်းကျင်းပြသပွဲ ပီရူးအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ပီရူး လီမာတွင် ကျင်းပ
China Media Group ၏ “Journey Through Civilizations” တစ်ကမ္ဘာလုံးဆိုင်ရာ နယ်လှည့် ခင်းကျင်းပြသပွဲ ပီရူးအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ပီရူးနိုင်ငံ မြို့တော်လီမာရှိ ပီရူးအမျိုးသား ရှေးဟောင်းသုတေသနနှင့် မနုဿဗေဒသမိုင်းပြတိုက်တွင် ကျင်းပခဲ့ရာ ပီရူး အစိုးရမှ အရာရှိများ၊ ပီရူးနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ်များ၊ ပီရူးဒေသခံ မီဒီယာများမှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနလောကမှ ပညာရှင်များနှင့် ချစ်ကြည်ရေးပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း ၁၀၀ကျော် တက်ရောက်ခဲ့ကြပါသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် မိန့်ခွန်းပြောကြားရာတွင် China Media Group အနေဖြင့် မီဒီယာ၏တာဝန်ဝတ္တရားများကို စွဲကိုင်ထားပြီး တရုတ်ယဉ်ကျေးမှုကို တီထွင်ဆန်းသစ်စွာ မိတ်ဆက်ဖြန့်ချိကာ နိုင်ငံတကာလူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်းကို မြှင့်တင်မည် ဖြစ် ကြောင်း၊ တစ်ကမ္ဘာလုံးယဉ်ကျေးမှုဆွေးနွေးခြင်းကို တွန်းအားပေးပြီး နိုင်ငံအသီးသီးမှ ပြည်သူများအကြား နားလည်မှုနှင့် ခင်မင်ရင်းနှီးမှု တိုးပွားလာစေကာ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဉာဏ်ပညာနှင့် ခွန်အားများကို ထောက်ပံ့ပေး မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ပီရူးယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မဒမ် Betssy Chavez က ယခုအကြိမ် အထူးပြပွဲသည် ပီရူး-တရုတ်နှစ်နိုင်ငံမှ ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်ရန် ခိုင်မာသောယုံကြည်စိတ်ကို ဖော်ပြနိုင်ကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံတို့သည် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနယ်ပယ်တွင် ပိုမိုများပြားသော အောင်မြင်မှု များရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။