ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး မြှင့်တင် ကြိုးပမ်း ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး မြှင့်တင်ရန်နှင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို တက်ကြွစွာကျင့်သုံးရန် ကြိုးပမ်းအားထုတ်မှုများအတွက် စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က “ကမ္ဘာလုံးဆိုင်ရာ အေးအတူ ပူအမျှအသိုက်အဝန်း – တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ” ဟူသော ခေါင်းစဉ်ဖြင့် စက္ကူဖြူစာတမ်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရမယ်။ အခြားနိုင်ငံရဲ့ ဗဟိုအကျိုးစီးပွားတွေနဲ့ အဓိကဂရုပြုချက်တွေအပြင် ကမ္ဘာ့ပြည်သူအားလုံးက သီးခြားလွတ်လပ်စွာ ရွေးချယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေနဲ့ လူမှုရေးစနစ်တွေကိုလည်း လေးစားရပါမယ်” ဟု ဝမ်က ဆိုပြီး နိုင်ငံများအနေဖြင့် ကမ္ဘာကြီး ဗဟုအသွင်ပြောင်းဖြစ်စဉ် ပိုမိုညီမျှ၍ အစီအစဉ်တကျဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် နိုင်ငံများအနေဖြင့် အခြားသူအားဖယ်ကြဉ်မှုနှင့် “အသိုက်အဝန်းငယ်” အုပ်စုဖွဲ့မှုကို ငြင်းပယ်ရမည်ဖြစ်ကာ ထိပ်တိုက်တွေ့ဆုံခြင်းမဟုတ်သော ဆက်ဆံရေး၊ မဟာမိတ်မဟုတ်သော မိတ်ဖက်ဆက်ဆံရေးကို အခြေပြုထားသည့် နိုင်ငံအချင်းချင်းဆက်ဆံရေး လမ်းကြောင်းသစ်ကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)