တရုတ်နိုင်ငံ၏ အကြီးဆုံး ထောပတ်သီးစိုက်ပျိုးရေးအခြေစိုက်စခန်း

2023-11-06 18:27:49
အရင်းအမြစ်:云桥网

ယူနန်ပြည်နယ်၊ ဖူအော်မြို့၊ မုံလျန် တိုင်လူမျိုး၊ လားဟူလူမျိုး၊ ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ ကျေးလက်နှင့် သိပ္ပံပညာဌာနမှတစ်ဆင့် သိရှိရမှုအရ ယူနန်ပြည်နယ်၊ မုံလျန်ထောပတ်သီးစိုက်ပျိုးဧရိယာသည် တရုတ်ဧက ၈၀၀၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးသော ထောပတ်သီးစိုက်ပျိုးရေးအခြေစိုက်စခန်းနှင့် အရည်အသွေး ကောင်း ထောပတ်သီးများကို အမြဲတမ်း အသုတ်လိုက် ဈေးကွက်သို့ တင်ပို့ပေးနိုင်သည့် တစ်ခုတည်းသောဒေသ ဖြစ်လာခဲ့ပါသည်။ ယခုနှစ်တွင် စိုက်ပျိုးဧရိယာကို ထပ်မံတိုးချဲ့ပြီး တိကျသေချာသော အချောကိုင်ထုတ်လုပ်မှုလမ်းကြောင်း ၄ ခုကိုလည်း စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မုံလျန်သည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း နယ်စပ်‌ဒေသတွင်တည်ရှိပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ(၂) ( “ဝ”ဒေသ)နှင့် ဆက်စပ်နေပါသည်။ “ကျွန်တော်တို့ အခု အမျိုးအစား ၁၂ မျိုး ပျိုးထောင်ပြီးပြီ။ ၁၂ လရာသီပတ်လုံး ဈေးကွက်တင်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ ကျွန်တော်တို့က သစ်ပင်ပေါ်မှာ မှည့်အောင်ထားပြီး မှည့်တော့မှ ခူးပါတယ်။ သုံးလေးရက်ဆိုရင် တရုတ်နိုင်ငံရဲ့ ဘယ်နေရာကိုမဆို ရောက်ရှိအောင် ပို့ပေးနိုင်ပါတယ်”ဟု ဖူအော်ငွေစိမ်းဇီဝစတော့ရှယ်ယာကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ချီကျားကျု က မိတ်ဆက်ပြောကြားပါသည်။

လက်ရှိတွင် မုံလျန်ခရိုင်တစ်ခုလုံးတွင် ထောပတ်သီးစိုက်ပျိုးကျေးရွာ ၂၂ ရွာရှိပြီး ကျေးရွာစုပေါင်းစီးပွားဝင်ငွေသည် ယွမ် ၂ သိန်းနှင့် အထက်တွင် တည်ငြိမ်စွာ ရှိနေပါသည်။ နှစ်စဉ် ဒေသတွင်း နီးစပ်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းနေရာ ၃၀၀၀ ပေးနိုင်ပြီး စီမံထိန်းချုပ်မှု တစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေသည် ယွမ် ၄၀၀၀ နှင့်အထက်တွင် ရှိနေပါသည်။ ၂၀၂၅ ခုနှစ်တွင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ဦးရေ ၁၀၀၀၀ ကျော်ထိ ရောက်ရှိနိုင်ရန်၊ အများပြည်သူ လုပ်အားခဝင်ငွေရရှိမှု ယွမ် သန်း ၁၀၀ ကျော်ရန် ခန့်မှန်းထားပါသည်။ သေးငယ်သော ထောပတ်သီးများသည် သန်းရာချီသော ကုန်ထုတ်လုပ်ငန်းကြီးများနှင့် ပြည်သူလူထု၏ တည်ငြိမ်သော သာယာချမ်းမြေ့မှုကို ဖြစ်ပေါ်လာစေပါသည်။ (ဘာသာပြန်- Yunnan Gateway)

တရုတ်နိုင်ငံ၏ အကြီးဆုံး ထောပတ်သီးစိုက်ပျိုးရေးအခြေစိုက်စခန်း