Yunnan Post ၏ ကူမင်းမှ ရန်ကုန်သို့ ပထမဆုံး ကုန်တင်လေယာဉ်ခရီးစဉ် အောင်မြင်စွာ ပျံသန်းခဲ့
မကြာသေးမီက Yunnan Post သည် မြန်မာအမျိုးသားလေကြောင်းလိုင်း(MMA)နှင့်ပူးပေါင်းဆောင်ရွက်သော ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ် နိုင်ငံတကာခရီးစဉ်၏ ပထမဆုံး ပျံသန်းမှု အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
အဆိုပါခရီးစဥ်တွင် သယ်ယူပို့ဆောင်ချိန်သည် ၂ နာရီသာရှိသည်။ သမားရိုးကျသော ကုန်းလမ်းပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ပါက နေရာနှစ်ခုအကြား သယ်ယူပို့ဆောင်ရေးအချိန်သည် သိသိသာသာ မြင့်တက်နိုင်သည်။ ကုန်စည်များ၏ အရည်အသွေးမြင့်မားပြီး ထိရောက်သော သယ်ယူပို့ဆောင်ရေးကို အတတ်နိုင်ဆုံးသေချာစေရန်နှင့် နေရာနှစ်ခုအကြား ကုန်သွယ်ရေးကုမ္ပဏီများ၏ ပို့ကုန်သွင်းကုန်များ၊ နယ်စပ်ဖြတ်ကျော် အီး-ကောမက်စ်ပါဆယ်ထုပ်များ၊ သစ်သီးဝလံများနှင့် လတ်ဆတ်သော ထုတ်ကုန်များစသည့် ကုန်စည်များ၏ ပို့ဆောင်သယ်ယူရေးပြဿနာများကို ဖြေရှင်းနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါသည်။
ကူမင်းမှ ရန်ကုန်သို့ ထွက်ခွာသည့် လေယာဉ်သည် ကုန်စည် ၁၄ တန် တင်ဆောင်နိုင်ကာ တရုတ်ပြည်တွင်း၌ ထုတ်လုပ်သော တိုင်းရင်းသား လက်မှုပစ္စည်း၊ အထည်အလိပ်၊ ယာဉ်အပိုပစ္စည်း စသည်တို့ကို လေကြောင်းပို့ဆောင်ရေး လမ်းကြောင်းများမှတစ်ဆင့် ပို့ဆောင်နိုင်ပါသည်။ ရန်ကုန်မှ ကူမင်းသို့ အပြန်လေယာဉ်သည် ကုန်စည် ၁၆ တန် တင်ဆောင်နိုင်ပြီး မြန်မာနိုင်ငံမှ လတ်ဆတ်သော ကုန်ပစ္စည်းများကို တရုတ်နိုင်ငံအတွင်းသို့ ပို့ဆောင်နိုင်ပြီး ပိုမိုကြွယ်ဝသော ကုန်ပစ္စည်းအမျိုးအစားကို တင်သွင်းနိုင်မည်ဖြစ်သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin