တရုတ် သိပ္ပံပညာရှင်များသည် ယူနန်နှင့် ရှီးဇန့်(တိဘက်)တွင် သစ်ခွမျိုးစိတ်သစ် ၆ မျိုးကို ရှာဖွေ တွေ့ရှိ
2023-11-24 18:23:48
အရင်းအမြစ်:国际在线
တရုတ် သိပ္ပံပညာတံခွန်အသင်း ကူမင်း ရုက္ခပင် သုတေသန ဌာနမှ နိုဝင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်သော သတင်းအရ၊ တရုတ် အနောက်တောင်ပိုင်းဒေသ တောရိုင်း သတ္တဝါ မျိုးစိတ်များ အရင်းအမြစ်ဘဏ်မှ သုတေသီများသည် ယူနန်ပြည်နယ်ရှိ ကုန်စမ်၊ ရှမ်ဂလီလာ၊ လီကျန်း ဒေသများနှင့် ရှင်းဇန့်(တိဘက်)နယ်ရှိ မိုထိုဒေသ၌ Neottia သစ်ခွပန်းပင်နှင့် Gastrochilus သစ်ခွပန်းပင် အပါအဝင် သစ်ခွပန်းပင်မျိုးစိတ်သစ် ၆ မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါသည်။
သစ်ခွပန်းပင်သည် စုစုပေါင်း မျိုးစိတ် ၇၃၆ ခု ရှိပြီး အမျိုးပေါင်း ၂၈၀၀၀ ကျော် ရှိကာ ယင်းတို့အနက် တရုတ်ပြည်တွင် သစ်ခွပန်းပင် မျိုးစိတ် ၁၉၀ ကျော်ရှိပြီး အမျိုးပေါင်း ၁၆၀၀ ကျော် ရှိသည်ဟု သိရပါသည်။