တရုတ်-မြန်မာ နယ်စပ်ဒေသရှိ လုံချွမ်းခရိုင်တွင် ထောပတ်သီးများ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိ

2023-11-27 16:40:57
အရင်းအမြစ်:陇川县融媒体中心

လက်ရှိအချိန်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လုံချွမ်းခရိုင် လုံပါကျေးရွာအုပ်စု ဟူတောင်ရွာတွင် ထောပတ်သီးများ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါသည်။

"ကျွန်တော်တို့က ၂ဝ၁၉ ခုနှစ်မှာ ထောပတ်သီး ပထမအသုတ်ကို စိုက်ပျိုးခဲ့ပါတယ်။ အခုနှစ်မှာ ထောပတ်သီးတွေ ကျွန်တော်တို့ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိကြပါတယ် ” ဟု ဟူတောင်ရွာမှ တာဝန်ခံကုန်းဆန်က ပြောပါသည်။ ဟူတောင်ရွာတွင် ထောပတ်သီး စုစုပေါင်း တရုတ်ဧက ၆၃ ဧက စိုက်ပျိုးထားပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်ဧက ၈ ဧက စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် တရုတ်ဧက ၅၅ ဧက စိုက်ပျိုးကြောင်း၊ လက်ရှိ ဆွတ်ခူးရရှိသော ထောပတ်သီးများမှာ ၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးသည့် တရုတ်ဧက ၈ ဧကမှဖြစ်ကြောင်း၊ စုစုပေါင်း အထွက်နှုန်းမှာ ၃ တန်ခန့်ရှိပြီး ယွမ် ၅၀၀၀၀ ခန့်ဖြင့် ရောင်းချမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောပြပါသည်။

"လက်ရှိ ထောပတ်သီးဈေးကွက် အလားအလာက အရမ်းကောင်းပါတယ်။ နောက်တဆင့်မှာတော့ ကျွန်တော်တို့ရဲ့ ဟူတောင်ရွာအနေနဲ့ ထောပတ်သီး စိုက်ပျိုးရေးဧရိယာကို ဆက်လက် တိုးချဲ့သွားမှာ ဖြစ်ပါတယ်" ဟု ကုန်းဆန်က ပြောကြားခဲ့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ လုံချွမ်းခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ လုံချွမ်းခရိုင်တွင် ထောပတ်သီးများ ပထမဆုံးအကြိမ် ဆွတ်ခူးရရှိ