တရုတ်-မြန်မာနယ်စပ်ရှိ လျန်ဟယ်ခရိုင်သည် "ဆေးရွက်ကြီး-စပါး အလှည့်ကျ စိုက်ပျိုးရေးပုံစံ”နှင့် “စပါး-ငါး ပေါင်းစပ်စိုက်ပျိုးမွေးမြူမှုပုံစံ”ကို စူးစမ်းလေ့လာလျက်
ယခုနှစ်မှစ၍ တရုတ်-မြန်မာနယ်စပ်ရှိ တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ လျန်ဟယ်ခရိုင်သည် "ဆေးရွက်ကြီး+စပါး အလှည့်ကျ စိုက်ပျိုးရေးပုံစံ”နှင့် “စပါး+ငါးစိုက်ပျိုးမွေးမြူမှုပုံစံ”ကို တက်ကြွစွာ ရှာဖွေစူးစမ်းလျက်ရှိသည်။
“နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီး ရိတ်သိမ်းဆွတ်ခူးပြီးတဲ့ နောက်မှာ လယ်သမားတွေက စပါးခင်းတွေမှာ စပါးစိုက်ပြီး ငါးနဲ့ ပုစွန်တွေ မွေးမြူပါတယ်၊ 'စပါး-ငါး စိုက်ပျိုးမွေးမြူမှုပုံစံ' ပုံစံကို စတင်ဆောင်ရွက်တတ်ပါတယ်”ဟု လျန်ဟယ်ခရိုင်မှ သက်ဆိုင်ရာ တာဝန်ခံက ပြောပါသည်။ "ဆေးရွက်ကြီး-စပါး အလှည့်ကျ စိုက်ပျိုးရေးပုံစံ”မှာ ပိုးမွှားများနှင့် ရောဂါများကို သိသိသာသာ လျှော့ချနိုင်ရုံသာမက ဓာတုဓာတ်မြေဩဇာ သုံးစွဲမှုကိုလည်း လျှော့ချနိုင်သည့်အတွက် ဆေးရွက်ကြီးနှင့် စပါး စိုက်ပျိုးထုတ်လုပ်မှု၏ အရည်အသွေးနှင့် ဝင်ငွေတိုးများမှုတို့ကို မြှင့်တင်ပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုပါသည်။ တစ်ချိန်တည်းမှာပင် "စပါး-ငါး ပေါင်းစပ် စိုက်ပျိုးမွေးမြူမှုပုံစံ" သည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်းစေပြီး မွေးမြူထားသောစပါးငါးနှင့် ပုစွန်တို့သည်လည်း ကျေးလက်ခရီးသွားလုပ်ငန်း၏ "ဖွံ့ဖြိုးတိုးတက်မှုလျှို့ဝှက်ချက်" ဖြစ်လာနိုင်သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ လျန်ဟယ်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin