တရုတ်-မြန်မာနယ်စပ်ရှိ ရှန့်ကွင်ထန်ကျေးရွာသည် ငရုတ်သီးများ စျေးကွက်သို့ အလျင်စလို တင်ပို့ရောင်းချလျက်

2023-11-27 16:48:37
အရင်းအမြစ်:芒市融媒体中心

တရုတ်-မြန်မာနယ်စပ်ရှိ မန်စီမြို့ ရှန့်ကွင်ထန်ကျေးရွာ၏ ငရုတ်သီးစိုက်ပျိုးရေးအခြေစိုက်စခန်းသို့ ၀င်ရောက်လျှင် ငရုတ်သီးပျိုးပင်တန်းများသည် စိမ်းစိုနေပြီး ငရုတ်သီးစိမ်းများ တောက်ပနေသည်ကို တွေ့နိုင်ပါသည်။

“ဒီနှစ်မှာတော့ ကျွန်တော်တို့ရွာက 'ကုမ္ပဏီ + သမဝါယမအသင်း+ လယ်သမား' ပုံစံနဲ့ ငရုတ်ကောင်းစိုက်ကြပါတယ်။ ခန့်အပ်တဲ့ အလုပ်သမားတွေအားလုံးက အနီးနားက ရွာသူရွာသားတွေပါ”ဟု ရှန့်ကွင်ထန်ကျေးရွာ၏ တာဝန်ခံက ပြောဆိုပါသည်။ စိုက်ပျိုးမှု အစောပိုင်းကာလတွင် ရွာသားအချို့သည် ငရုတ်သီး စိုက်ပျိုးမည့် ရှေ့ရေးအလားအလာကို စိုးရိမ်နေကြကြောင်း ၎င်းက ဆက်လက်ပြောဆိုပါသည်။ ရွာသူရွာသားတို့၏ သံသယများကို ဖြေဖျောက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များကို လာရောက်ပြီး လက်တွေ့ကျကျ လေ့ကျင့်ပေးရန် အကြိမ်ကြိမ်ဖိတ်ခေါ်ပါသည်။ “လယ်ကွင်းစာသင်ခန်း” မှ ပို့ချမှုနှင့် လမ်းညွှန်မှု ရရှိပြီးနောက် ရွာသူရွာသားများသည် ငရုတ်သီးစိုက်ပျိုးရေးအဖွဲ့တွင် ဆက်လက်ပါဝင်ခဲ့ကြသည်။

"အရင်က ဟင်းသီးဟင်းရွက်တွေ စိုက်သလိုမျိုး ငရုတ်သီးတွေ စိုက်ဖူးတယ်၊ အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိုက်ကြတယ်" ဟု ရှန့်ကွင်ထန်ကျေးရွာ ရွာသား ရန်ရှန်ဖာက ဝမ်းသာအားရ ပြောသည်။ “အခု ကျွန်တော် အဲဒီသမဝါယမအသင်းကို ပါ၀င်လာတော့ ငရုတ်သီး စိုက်တဲ့အခါ နည်းပညာ လမ်းညွှန်ချက်တွေ ရရုံတင်မကဘဲ ပျိုးပင်တွေအတွက်လည်း အကျိုးကျေးဇူးတွေ ရနိုင်တယ်။ အရင်ကထက် အချိန်နဲ့ ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။” ၎င်းက ဆက်လက်ပြောဆိုပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ မန်စီမီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်-မြန်မာနယ်စပ်ရှိ ရှန့်ကွင်ထန်ကျေးရွာသည် ငရုတ်သီးများ စျေးကွက်သို့ အလျင်စလို တင်ပို့ရောင်းချလျက်