“မင်္ဂလာ ” မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တရုတ်-မြန်မာ နယ်စပ်တွင် “ရွှေလီသံပုရာသီး” နယ်စပ်ဖြတ်ကျော် တင်ပို့ခွင့် ရရှိခဲ့

2023-11-29 17:15:30
အရင်းအမြစ်:瑞丽市融媒体中心

မကြာသေးမီက “ရွှေလီသံပုရာသီး”သည် ရွှေလီအကောက်ခွန်ဌာနမှ သစ်သီးခြံများ တင်ပို့မှုမှတ်ပုံတင် အကဲဖြတ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ “ရွှေလီသံပုရာသီး” သည် ယခုအခါ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုသည် နောက်ထပ် ကြီးမားသော ခြေလှမ်းတစ်ရပ်ကို လှမ်းချီခဲ့ကြောင်း ဖော်ပြထားပါသည်။

လုပ်ငန်းအဖွဲ့များ၏ တင်ပို့မှုလိုအပ်ချက်များကို သိရှိပြီးနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်၍ ရွှေလီအကောက်ခွန်ဌာနသည် လုပ်ငန်းအဖွဲ့များ၏ တောင်းဆိုချက်များကို လေ့လာသိရှိရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ သံပုရာသီးစိုက်ပျိုးသည့်ပတ်ဝန်းကျင်၊ ပိုးမွှားနှင့်ရောဂါထိန်းချုပ်ရေး၊ ပိုးသတ်ဆေး အကြွင်းအကျန်များကို စောင့်ကြည့်စစ်ဆေးခြင်းစသည့် လုပ်ငန်းစဥ်များကို လက်တွေ့ကျကျ စုံစမ်းလေ့လာခဲ့ကြောင်း၊ သံပုရာအရည်အသွေးစီမံခန့်ခွဲမှုစနစ်၊ ထုတ်လုပ်မှုစီမံခန့်ခွဲမှုစနစ်၊ စိုက်ပျိုးမှုမှတ်တမ်းအချက်အလက်များစသည့် အခြားသော အကြောင်းအရာများကို စစ်ဆေးခဲ့ကြောင်း၊ ပို့ကုန်များ၏ အရည်အသွေးကို တင်းကြပ်စွာ ထိန်းချုပ်ကြောင်း ရွှေလီအကောက်ခွန်ဌာန၏ သက်ဆိုင်ရာတာဝန်ခံက မိတ်ဆက်ပြောကြားပါသည်။

၂၀၂၃ ခုနှစ်တွင် ရွှေလီမြို့၌ သံပုရာသီး တရုတ်ဧက ၈၀၀၀ ကို စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် စိုက်ပျိုးရေးဧရိယာမှာ တရုတ်ဧက ၂၂၂၀၀ ရှိကာ ၎င်းတို့အနက် တရုတ်ဧက ၁၄၂၀၀ ရှိ စိုက်ပျိုးရေးဧရိယာတွင် အသီးဆွတ်ခူးရရှိနိုင်ပြီဖြစ်ပါသည်။ စုစုပေါင်း အထွက်နှုန်းမှာ တန်ချိန် ၁၆၀၀၀ နှင့် ထွက်ရှိမှုစုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၁၀၂ သန်းရှိမည်ဟု ခန့်မှန်းထားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin

“မင်္ဂလာ ” မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တရုတ်-မြန်မာ နယ်စပ်တွင် “ရွှေလီသံပုရာသီး” နယ်စပ်ဖြတ်ကျော် တင်ပို့ခွင့် ရရှိခဲ့