“မင်္ဂလာ ” မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ နကျယ်ကောင် မွေးမြူရေး အတူလေ့လာကြစို့
တရုတ်-မြန်မာနယ်စပ် လျန်ဟယ်ခရိုင် ကျူပေါင်ကျေးရွာရှိ နကျယ်ကောင်အခြေစိုက်မွေးမြူရေးစခန်းတွင် ရန်ချုံဝိန်သည် အလုပ်များနေပါသည်။ ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုအောက်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ် စူးစမ်းလေ့လာ၍ မိမိကိုယ်တိုင် လုံ့လစိုက်ထုတ်ကာ သူသည် နကျယ်ကောင်မွေးမြူရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။
“လောလောဆယ်မှာ မွေးမြူထားတဲ့ ဖန်လုံအိမ် ၃ လုံး ဆောက်ထားတယ်။ အခု ပျားအထီးအမ အမတွေ မိတ်လိုက်တဲ့ အဆင့်ရောက်နေပြီဆိုတော့ ဒီနှစ်မှာ ပျားဘုရင် အကောင် ၁၈၀၀ လောက် မွေးမြူနိုင်ပါတယ်။ အဲဒီနကျယ်ကောင်တွေကို လာမယ့်နှစ် ဧပြီလမှာ ရောင်းချပါမယ်။ ထုတ်လုပ်မှုတန်ဖိုးဟာ တရုတ်ယွမ် ၂၀၀၀၀၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ် လာမယ့်နှစ်မှာ ကျွန်တော်ဟာ မွေးမြူရေးလုပ်ငန်းကို ပိုမိုချဲ့ထွင်ပြီး ပျားဘုရင် အကောင် ၅၀၀၀ မွေးမြူပါမယ်။ နကျယ်ကောင်မွေးမြူခြင်းလုပ်ငန်းကို ပိုမိုအားကောင်းလာစေဖို့အတွက် စီစဉ်ထားပါတယ်”ဟု ရန်ချုံဝိန်က ဆက်လက် ပြောဆိုပါသည်။ သူသည် အနီးနားရှိ ဒေသခံပြည်သူပြည်သားများကို နကျယ်ကောင်မွေးမြူရေးနည်းပညာများကို သင်ကြားပေးပြီး ရွာသားများအား "ပျားမွေးမြူသူများ" ဖြစ်လာစေရန် ဦးဆောင်ပေးမည်ဖြစ်သည်။
နကျယ်ကောင်မွေးမြူရေးသည် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ အချိန်တိုအတွင်း အမြတ်ငွေ လျင်မြန်စွာရရှိနိုင်ခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် ထိရောက်မှုဝင်ငွေမြင့်မားခြင်းစသည့် အားသာချက်များ ပိုင်ဆိုင်ထားပါသည်။ နကျယ်ကောင်များသည် ကျိုင်းကောင်များ၊ နှံကောင်များ၊ ပျားရည်၊ ရေစသည်တို့ကို အဓိက ကျက်စားကြပြီး တောင်တန်းဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် သင့်လျော်သည်။ တစ်ချိန်တည်းမှာပင် နကျယ်ကောင်မွေးမြူရေးသည် ပြည်သူပြည်သားများအား ဝင်ငွေတိုးစေပြီး ချမ်းသာကြွယ်ဝလာစေသော လမ်းကြောင်းများကို တိုးချဲ့စေရုံသာမက သစ်တောရောဂါများနှင့် ပိုးမွှားများကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်သည့်အတွက်ကြောင့် စီးပွားရေးနှင့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်သည့် အခြေအနေကိုလည်း ရရှိစေနိုင်ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ လျန်ဟယ်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin