“မင်္ဂလာ ” မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ ဤ ၁၉၉၀ ပြည့်လွန်နှစ်များတွင် မွေးဖွားသည့် လူငယ်များသည် ကောက်ပဲသီးနှံများကို “ကုသ”ရန် AI ကိုအသုံးပြု

2023-11-29 17:23:49
အရင်းအမြစ်:中国青年报

ရောဂါနှင့် အင်းဆက်ပိုးမွှားများ ကူးစက်ခံရသည်ဟု သံသယရှိသော စပါးပင်တစ်ပင်ကို ဖုန်းမှန်ဘီလူးဖြင့် ချိန်ရွယ်ပြီး ဓာတ်ပုံရိုက်လိုက်ပါသည်။ ၎င်းဓာတ်ပုံကို စနစ်အတွင်းသို့ အပ်လုဒ်လုပ်ပြီး အမျိုးအစား ခွဲခြားသတ်မှတ်လိုက်ပါသည်။ အဆင့်အနည်းငယ်ဖြင့် လွယ်ကူလျင်မြန်စွာ ပြုလုပ်ပြီးနောက် ပိုးမွှားနှင့်ရောဂါအမျိုးအစားများကို မိုဘိုင်းလ်ဖုန်း၏ ဖန်သားပြင်ပေါ်တွင် "စက္ကန့်ပိုင်း" တွင် ပြသပါမည်။

၎င်းသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် မွေးဖွားသည့် လူငယ်များစွန့်ဦးတီထွင်အဖွဲ့တစ်ဖွဲ့သည် ဇီဝဗေဒထိန်းချုပ်မှုသို့ ဝင်ရောက်ကာ "AI စိုက်ပျိုးရေး" ၏ ရှေ့အလားအလာများကို တိုးချဲ့သော လမ်းကြောင်းတစ်ခုကို တီထွင်ခဲ့ပါသည်။ အသက် ၂၉ နှစ်သာရှိသေးသော လျူယီချိန်သည် Hunan Dajiang Agricultural Technology Co., Ltd. ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ဤအဖွဲ့၏ အဓိကတာဝန်ခံဖြစ်သည်။မိုဘိုင်းလ်ဖုန်းဖြင့် စကင်န်ဖတ်ခြင်းမှတစ်ဆင့် စပါး ကူးစက်ခံရသည့် အင်းဆက်ပိုးမွှားရောဂါများကို သိရှိနိုင်စေရန် ၎င်းတို့ တီထွင်ထားသော နည်းပညာသစ်ကို လယ်သမားများက “ရုက္ခပင်အိတ်ဆောင်ဆရာဝန်” ဟု ခေါ်ဆိုပါသည်။

"ကျွန်ုပ်တို့ဟာ စပါးနဲ့ ဂျုံစတဲ့ ကောက်ပဲသီးနှံ ၃၉ မျိုးကို လွှမ်းခြုံထားပါတယ်။ အင်းဆက်ပိုးမွှားရောဂါတွေ ကူးစက်ခံရတဲ့ ရုက္ခပင်တွေရဲ့ ပုံပေါင်း သန်း ၂၀ ကို စုဆောင်းခဲ့ပါတယ်။ ကောက်ပဲသီးနှံ အင်းဆက်ပိုးမွှားရောဂါပုံစံ ၃၂၀ ကျော်ကို ထူထောင်ခဲ့ပါတယ်" လျူယီချိန်က ပြောဆိုပါသည်။ "တွက်ချက်ခြင်းနည်းစနစ် + ဒေတာ" ၏ ပံ့ပိုးမှုဖြင့် တောင်သူများသည် ရောဂါနှင့် အင်းဆက်ပိုးမွှားများ ကူးစက်ခံရသည်ဟု သံသယရှိသော စပါးပင်တစ်ပင်ကို မိုဘိုင်းလ်ဖုန်းမှန်ဘီလူးဖြင့် ညွှန်ပြရန် လိုအပ်ပြီး ဓာတ်ပုံရိုက်ယူ၍ အပ်လုဒ်လုပ်ကာ ရုက္ခပင်အမျိုးအစားကို ရွေးချယ်သတ်မှတ်နိုင်ပါသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ ပိုးမွှားများနှင့် ရောဂါများ၏ ဓာတ်ပုံများနှင့် မိတ်ဆက်စာတိုသည် ဖုန်းစခရင်ပေါ်တွင် ပေါ်ထွက်လာမည်ဖြစ်ပါသည်။ ကာကွယ်ထိန်းချုပ်မှုအစီအစဉ်များနှင့် အကြံပြုထားသောဆေးဝါးများကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည်ဖြစ်သည်။ မရှင်းလင်းသောအကြောင်းရင်းများရှိပါက၊ အကူအညီရယူရန်အတွက် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင် ၁၀ ဦး ကျော်နှင့် တိုင်ပင်နိုင်သည်။

လက်ရှိတွင် "Plant Pocket Doctor" ပရောဂျက်မှ တီထွင်ထားသည့် အက်ပလီကေးရှင်းသည် သုံးစွဲသူတစ်ဦးချင်းစီအတွက် အခမဲ့ဖြစ်ပြီး၊ တရုတ်တွင် လူပေါင်း ၃၁၀,၀၀၀ က ၎င်းကို အသုံးပြုရန် စာရင်းသွင်းထားသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တရုတ်လူငယ်နေ့စဉ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

“မင်္ဂလာ ” မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ ဤ ၁၉၉၀ ပြည့်လွန်နှစ်များတွင် မွေးဖွားသည့် လူငယ်များသည် ကောက်ပဲသီးနှံများကို “ကုသ”ရန် AI ကိုအသုံးပြု