“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တီလားဘီးယားငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းမြေ့သာယာသော ဘဝ ရရှိ
စစ်ဆောင်ပန်းနား တိုင် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မွန်ဟိုင်ခရိုင် မွန်ကျဲ့မြို့နယ်ရှိ စစ်ဆောင်ပန်းနားယွီးရစ်လယ်ယာစိုက်ပျိုးရေးသိပ္ပံနည်းပညာကုမ္ပဏီလီမိတက်၏ မွေးမြူရေးအခြေစိုက်စခန်းတွင် ငါးမွေးမြူရေးရေကန် များစွာ ပျံ့နှံ့လျက်ရှိပါသည်။ အလုပ်သမားများသည် ရေကန်များ၌ အလုပ်များနေကြပါသည်။
“အခုနှစ် ပထမနှစ်ဝက်မှာ ငါးအရှင်များကို ချုံချင့်နဲ့ ကွမ်ကျိုးအစရှိတဲ့ ဒေသတွေကို အဓိကရောင်းချပါတယ်။ မြန်မာနဲ့ လာအိုကို တင်ပို့ရောင်းချခဲ့ပါတယ်။ အရောင်းပမာဏ တန်ချိန် ၁,၅၀၀ ကျော်ရှိပြီး ရောင်းချငွေပမာဏက ယွမ်သန်း ၂၀ ရှိပါတယ်” ဟု အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာဥက္ကဋ္ဌ ရန်ရှစ်ကျယ်က မိတ်ဆက်ပါသည်။ ကျွန်တော်တို့ကုမ္ပဏီသည် စပါးနှင့်ငါးပေါင်းစပ်စိုက်ပျိုးမွေးမြူခြင်း၊ ရေထွက်ပစ္စည်း ကုန်ချောထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့ကို ပေါင်းစပ်ထားသည့် ငါးပုစွန် မွေးမြူရေး လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ တီလားဘီးယားငါးမွေးမြူရေးစခန်း၏ နေ့စဥ်ထုတ်လုပ်မှုပမာဏမှာ တန် ၂၀ ရှိပြီး နှစ်စဥ်ထုတ်လုပ်မှုစုစုပေါင်းပမာဏမှာ တန်ချိန် ၅ ,၀၀၀ ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုပါသည်။
မကြာသေးမီနှစ်များအတွင်း စစ်ဆောင်ပန်းနားပြည်နယ်ခွဲသည် အလင်းရောင်၊ အပူနှင့်ရေအရင်းအမြစ်များ စသည့်သာလွန်ကောင်းမွန်သော ဒေသအခြေအနေများကို အသုံးချပြီး တီလားဘီးယားငါးမျိုးစိတ်များ မွေးထုတ်ခြင်း၊ မွေးမြူခြင်း၊ အချောကိုင်ခြင်းနှင့် ရောင်းချခြင်းအား အာရုံစိုက်လုပ်ကိုင်ကြောင်း၊ အရင်းအမြစ်များဖြင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်ကို တက်ကြွစွာ တိုးချဲ့ခြင်းနှင့် တီလားဘီးယားငါးလုပ်ငန်းများကို အားကောင်းလာစေခြင်းစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း စစ်ဆောင်ပန်းနားပြည်နယ်ခွဲ ရေထွက်ကုန် နည်းပညာဖြန့်ဖြူးရေးဌာန ဌာနမှူး ချီကွမ်လုံးက မိတ်ဆက်ပါသည်။ "အပြင်ထွက်လေ့လာဆည်းပူးခြင်း" မှတစ်ဆင့် ဟိုင်နန်ပြည်နယ် ဝိန်ချမ်းမြို့၊ ကွမ်တုန်းပြည်နယ် မောင်မင်းမြို့စသည့် ဒေသများသို့ အဆင့်မြင့်မွေးမြူရေးအတွေ့အကြုံများကို သွားရောက်သင်ယူခဲ့ပြီး "Boxion No. 1" အမျိုးအစားအသစ်ကို မွေးထုတ်ကာ တီလားဘီးယားငါးကြီးထွားနှုန်း ၂၀% တိုးမြှင့်လာကြောင်း ၎င်းက ဆက်ပြောပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin