တရုတ်(ဖူအော်)နိုင်ငံတကာကော်ဖီကုန်စည်ပြပွဲကို လာမည့်နှစ် ဇန်နဝါရီလတွင် ဖူအော်မြို့၌ ကျင်းပမည်

2023-12-25 18:44:52
အရင်းအမြစ်:央广网

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ်(ဖူအော်)နိုင်ငံတကာကော်ဖီကုန်စည်ပြပွဲကို ယူနန်ပြည်နယ် ဖူအော်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း CHINA NATIONAL RADIO (CNR)မှ သိရပါသည်။

ယခုအကြိမ်ကော်ဖီကုန်စည်ပြပွဲသည် “တရုတ်ကော်ဖီ ကမ္ဘာနှင့်မျှဝေခြင်း”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ပြခန်း၌ စီမံထားသောစုစုပေါင်းဧရိယာမှာ ၁၅၀၀၀ စတုရန်းမီတာရှိပြီး “နာမည်ကျော် ကုန်အမှတ်တံဆိပ်ပြသဇုန်၊ အပြည်ပြည်ဆိုင်ရာ ပြသဇုန်၊ ပြည်းတွင်ပြသဇုန်၊ ဖူအော်ပြသဇုန်၊ စက်ကိရိယာတပ်ဆင်မှုပစ္စည်းပြသဇုန်၊ တိုင်းရင်းသားယဥ်ကျေးမှုခရီးသွားလုပ်ငန်းနှင့်ဒြပ်မဲ့ယဥ်ကျေးမှုပစ္စည်းပြသဇုန်၊ ဖူအော်ရင်းနှီးမြှုပ်မှုခေါ်ဆိုခြင်း တွေ့ဆုံခန်းမ စသဖြင့် ပြသဇုန် ၈ ခုနှင့် အထူးခေါင်းစဥ်လှုပ်ရှားမှုဇုန် စသည်တို့ဖြင့် ဖွဲ့စည်းထားပါသည်။

တရုတ်(ဖူအော်)နိုင်ငံတကာကော်ဖီကုန်စည်ပြပွဲကို ယူနန်ပြည်နယ် ဖူအော်မြို့တွင် ၂ ကြိမ်တိတိ အောင်မြင်စွာ ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသ ၂၁ ခုတို့မှ လုပ်ငန်းအဖွဲ့ ၃၀၀ ကျော်တို့သည် ၎င်းကုန်စည်ပြပွဲကို ပါဝင်တက်ရောက် ပြသခဲ့ကြပါသည်။ သက်ဆိုင်ရာနယ်ပယ်မှ ဧည့်သည်တော် ၂၀၀၀၀ နီးပါးကို ဧည့်ခံပါသည်။ ကော်ဖီအဝယ်တော်များမှ ဝယ်ယူမှုအမှာနှင့် သဘောတူစာချုပ် ကုန်သွယ်မှုစုစုပေါင်းငွေပမာဏမှာ ယွမ် ၂.၂၃၆ ဘီလီယံ ရှိခဲ့ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ CNR
ဘာသာပြန် ။ ။ Zhang Yinglin

တရုတ်(ဖူအော်)နိုင်ငံတကာကော်ဖီကုန်စည်ပြပွဲကို လာမည့်နှစ် ဇန်နဝါရီလတွင် ဖူအော်မြို့၌ ကျင်းပမည်