တရုတ်-မြန်မာ နယ်စပ် လင်ချန်းမြို့ ကျိန့်ခမ်းခရိုင်တွင် တရုတ်နိုင်ငံ၏ အမျိုးသား ပထမအဆင့်နှင့် ဒုတိယအဆင့် ကာကွယ်ရေးတိရစ္ဆာန်များအား ဇာတိကို ပြန်လည်ပို့ဆောင်ရန် ကူညီခဲ့
ယခုရက်ပိုင်းတွင် တရုတ်-မြန်မာနယ်စပ်ရှိ ကျန့်ခမ်းခရိုင်လုံခြုံရေးရဲဌာနမှ သစ်တောရဲတပ်အဖွဲ့မှ ရဲများသည် တရုတ်နိုင်ငံ၏ အမျိုးသား ပထမအဆင့် ကာကွယ်ရေးတောရိုင်းတိရစ္ဆာန်ဖြစ်သော သင်းခွေချပ်တစ်ကောင်နှင့် အမျိုးသားဒုတိယအဆင့် ကာကွယ်ရေးတောရိုင်းတိရစ္ဆာန်ဖြစ်သော Purple Swamp-hen တစ်ကောင်ကို သဘာဝကြီးထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါရဲများ၏ အဆိုအရ ယင်းတောရိုင်းတိရစ္ဆာန်နှစ်ကောင်ကို အများပြည်သူတို့က ရှာဖွေတွေ့ရှိခဲ့ပြီး ကျန့်ခမ်းခရိုင်လုံခြုံရေးရဲဌာန သစ်တောရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။\
အဆိုပါရဲများမှ စစ်ဆေးပြီးနောက်တွင် ၎င်းကာကွယ်ရေးတောရိုင်းတိရစ္ဆာန်နှစ်ကောင်၏ အရေးကြီးသော လက္ခဏာများ ကောင်းမွန်ကြောင်း၊ ညွှန်ပြမှုအားလုံး ကောင်းမွန်ပြီး ၎င်းတို့သည် လွှတ်ပေးရန် အခြေအနေများနှင့် ကိုက်ညီသည်ဟုဆိုသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ “ယနေ့လင်ချန်း” WeChat အကောင့်
ဘာသာပြန် ။ ။ Zhang Yinglin