ရထားက ဘူတာကိုဆိုက်ရောက်လာစဉ် သိုးအုပ်စုတစ်စု ရထားပေါ်တက်သွားသည်

2023-12-26 18:22:24
အရင်းအမြစ်:光明日报 第一眼新闻

မကြာသေးမီက တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး “အနှေးရထား”ပေါ်တွင် သိုးအုပ်များ သွားလာနေသည့် ပုံများ အင်တာနက်ပေါ်တွင် အုတ်အုတ်ကျက်ကျက် ပျံ့နှံ့ခဲ့သည်။

ဤရထားသည် တကယ်တော့ စီချွမ်းပြည်နယ် လျန်စန်း ယီ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွဲ့ရှီးခရိုင် ဖူးရွှမ်မြို့နယ်နှင့် ဖန်ကျီဟွာမြို့အကြား ပြေးဆွဲသော အစိမ်းရောင် အမှတ် 5633/5634 "အနှေးရထား" ဖြစ်သည်။ ပျမ်းမျှအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၄၀ ထက်နည်းပြီး တာ့လျန်စန်းတောင်ကုန်းတွင်း၌ နှစ် ၅၀ ကြာ ပြေးဆွဲသွားလာခဲ့ပါသည်။ အနိမ့်ဆုံး လက်မှတ်စျေးနှုန်းမှာ ၂ ယွမ်သာရှိသည်။

"အနှေးရထား"သည် တာ့လျန်စန်းတောင်ကုန်းအတွင်းရှိ "ဘတ်စ်ကား" ဖြစ်သည်။ အခြေခံအားဖြင့် လူများသည် ကြက်၊ ဘဲ၊ နွား၊ သိုးနှင့် အခြားသော လယ်ယာထွက်ကုန်များနှင့် ဘေးထွက်ကုန်ပစ္စည်းများအား နေ့စဉ် ရထားဖြင့် သယ်ဆောင်ကြသည်။

အမှတ် 5633/5634 ရထား၏ တာဝန်ခံလျူဝေးက ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ရထားအား သီးသန့်ပြင်ဆင်ထားပြီး ကြက်နှင့် တိရစ္ဆာန် ခရီးဆောင်အိတ်များ တပ်ဆင်ပေးထားကြောင်း သိရသည်။ ယေဘုယျအားဖြင့်ပြောရလျှင် ဝက်၊ သိုးနှင့် အခြားတိရစ္ဆာန်များ ရထားပေါ်တက်ပြီးနောက် ၎င်းတို့သည် လူနှင့်တိရစ္ဆာန်များကို ခွဲခြားရန် အထူးရထားများဆီသို့ မောင်းနှင်သွားမည်ဖြစ်သည်။ လေဝင်လေထွက် လွယ်ကူစေရန်အတွက် ဤအထူးရထားတွင် အမိုးဖွင့်ပြတင်းပေါက်များစွာ ပြင်ဆင်ထားပြီး ပုံမှန်သန့်ရှင်းရေးနှင့် ပိုးသတ်ရန်အတွက် ပိုးသတ်ဆေးရည်များ တပ်ဆင်ထားပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ Guangming Daily ၊ First sight news
ဘာသာပြန် ။ ။ Zhang Yinglin

ရထားက ဘူတာကိုဆိုက်ရောက်လာစဉ် သိုးအုပ်စုတစ်စု ရထားပေါ်တက်သွားသည်