လီချန် သည် ၄ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်

2023-12-26 18:47:55
အရင်းအမြစ်:国际在线

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ၄ ကြိမ်မြောက်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗီဒီယိုပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နှင့် မြန်မာနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနိုက်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုံဆိုင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်ထာ ထာဗီဆင်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖန်မင်ချင်းတို့လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

လီချန် သည် ၄ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်