ခန့်မှန်းတင်သွင်းပမာဏ တန်ချိန် ၁၉၅၄၀၀ ရှိပြီး တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ သကြားစက်ရုံ၏ နောက်ဆုံးထုတ်လုပ်မှုရာသီစတင်
2023-12-27 20:48:29
အရင်းအမြစ်:瑞丽市融媒体中心
ယူနန်ပြည်နယ် ရွှေလီမြို့ သကြားစက်ရုံ၏ ၂၀၂၃ / ၂၀၂၄ ခုနှစ် ထုတ်လုပ်မှုရာသီ စတင်လိုက်ပြီ ဖြစ်ပါသည်။ တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ သက်ဆိုင်ရာဌာနများ၏ ညှိနှိုင်းပံ့ပိုးမှုအောက်တွင် ၂၀၂၃ / ၂၀၂၄ ခုနှစ် ထုတ်လုပ်မှုရာသီ၏ ပထမအသုတ် အကောက်ခွန်ရှင်းလင်း တင်သွင်းကြံတန်ချိန် ၂၀၀၀ အား ဒီဇင်ဘာလ ၁၂ ရက်နေ့၌ တရားဝင် အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ခဲ့ပါသည်။
၎င်းအနက် လုံချွမ်း ကျန်းဖုန်းနယ်စပ်ဂိတ်မှတစ်ဆင့် တန်ချိန် ၁၂၀ ၊ ရွှေလီ နုံ့တောင် လေယွီပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် တန်ချိန် ၁၉၉၀ တို့ကို အသီးသီး တင်သွင်းလာခဲ့ပါသည်။ ၂၀၂၃ / ၂၀၂၄ ခုနှစ် ထုတ်လုပ်မှုရာသီ၌ ရွှေလီမြို့သည် ကြံတန်ချိန် ၁၉၅၄၀၀ကို တင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin