“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တစ်တရုတ်ဧကလျှင် ဝင်ငွေ ယွမ် ၁၀၀၀၀ ကျော်ရှိ “တရုတ်ငရုတ်သီးဇာတိမြေ”သည် ဒီလို ငရုတ်သီးစိုက်ပျိုးရေးနည်းပညာကို အသုံးပြုနေပါသည်

2023-12-28 20:30:17
အရင်းအမြစ်:农民日报、大众日报、农村大众报

ယခုနှစ်တွင် အသက် ၆၆ နှစ်ရှိပြီဖြစ်သော လီဖူးချိန်သည် ၂၀၁၀ ပြည့်နှစ်တွင် ၎င်းသည် တစ်ကြိမ် "စမ်းကြည့်ခြင်း" ဖြင့် ယနေ့ခေတ် "ကျင်ရှန် ငရုတ်သီး" စိုက်ပျိုးရေးထုတ်လုပ်မှုလုပ်ငန်းကို ဖန်တီး အောင်မြင်လာမည်ဟု မထင်ခဲ့မိပါ။

လီဖူးချိန်က နေထိုင်သော စန်းတုန်းပြည်နယ် ကျင်ရှန်ခရိုင် ဖူးကျီမြို့နယ် ကျိုးကျီးကျေးရွာတွင် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ငရုတ်သီးများစိုက်ပျိုးသည့် အစဉ်အလာရှိသည်။ ၂၁ ရာစုမှစတင်၍ ကျင်ရှန်ခရိုင်ရှိ အခြားသော အဓိကထွက်ရှိသောနေရာများအလိုက် ကြက်သွန်ဖြူစိုက်ပျိုးလာကာ ကြက်သွန်ဖြူ-ဝါဂွမ်း ပေါင်းစပ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်လာပါသည်။ သို့သော်လည်း ဝါဂွမ်းစိုက်ပျိုးရေးမှာ အမြတ်ငွေ နည်းပါးပြီး တဖြည်းဖြည်း "အားနည်းချက်" ရှိသော စိုက်ပျိုးရေးလုပ်ငန်းဖြစ်လာသည်။

“အဲဒီတုန်းက ကျွန်တော်တို့က လယ်ကွင်းတစ်ခုမှာ ကြက်သွန်ဖြူစိုက်ပြီး လယ်ကွင်းနောက်တစ်ခုမှာ ငရုတ်သီးတွေ စိုက်ပျိုးပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ red cluster pepper ငရုတ်သီး အမျိုးအစားသစ်တစ်မျိုးကို ဒီမှာ တင်သွင်းခဲ့ပါတယ်။ ယင်း ငရုတ်သီးရဲ့ ရှင်သန်ကြီးထွားမှုကာလ တိုပါတယ်။ ငရုတ်သီးပျိုးပင်များကို ဦးစွာပြုစုပျိုးထောင်ဖို့ စဉ်းစားခဲ့ပါတယ်။ အပူချိန် သင့်လျော်တဲ့အခါမှာ ကြက်သွန်ဖြူစိုက်ခင်းတွေမှာ စိုက်ပျိုးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တကယ့် ဖြစ်လာခဲ့ပါတယ်” ဟု လီဖူးချိန်က ပြန်ပြောပြသည်။

ကောင်းမွန်သော စိုက်ပျိုးမှုပုံစံများသည် အခြေခံတောင်သူလယ်သမားများ၏ ဆန်းသစ်တီထွင်မှုအလေ့အကျင့်များမှ ထွက်ပေါ်လာလေ့ရှိသည်။ ကြက်သွန်ဖြူနှင့် ငရုတ်သီး ပေါင်းစပ်စိုက်ပျိုးခြင်းအပြင် ကျင်ရှန်ခရိုင်သည် နှစ်ပေါင်းများစွာ လေ့လာပြီးနောက် "အဖြူနှစ်မျိုးနှင့် အနီတစ်မျိုး" ၏ စွမ်းဆောင်ရည်မြင့် စိုက်ပျိုးမှုပုံစံများ ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။

"အဖြူနှစ်မျိုးနှင့် အနီတစ်မျိုး"၏ စွမ်းဆောင်ရည်မြင့် စိုက်ပျိုးမှုပုံစံဆိုသည်မှာ ကျင်ရှန်ခရိုင်သည် မကြာသေးမီနှစ်များအတွင်းတွင် တစ်စိုက်မတ်မတ် မြှင့်တင်ဖြန့်ဖြူးသော ကြက်သွန်ဖြူ၊ ဝါဂွမ်းနှင့် ငရုတ်သီး ပေါင်းစပ်စိုက်ပျိုးရေးနှင့် အလှည့်ကျစိုက်ပျိုးရေးပုံစံတစ်ခုဖြစ်ပါသည်။ ဤစိုက်ပျိုးမှုပုံစံသည် "ရွှေငွေအစစ်အမှန်"ကို ယူဆောင်လာသည့်အတွက်ကြောင့် ကြက်သွန်ဖြူစိုက်တောင်သူများသည် အလွန်ကြိုက်နှစ်သက်ကြပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တောင်သူလယ်သမားနေ့စဥ်သတင်းစာ၊ ပေါ်ပြူလာသတင်းစာ၊ ကျေးလက်ဒေသ ပေါ်ပြူလာသတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin

“မင်္ဂလာ”မျှော်လင့်ခြင်းလယ်ယာမြေ ။ ။ တစ်တရုတ်ဧကလျှင် ဝင်ငွေ ယွမ် ၁၀၀၀၀ ကျော်ရှိ “တရုတ်ငရုတ်သီးဇာတိမြေ”သည် ဒီလို ငရုတ်သီးစိုက်ပျိုးရေးနည်းပညာကို အသုံးပြုနေပါသည်