ရှီကျင့်ဖိန်သည် ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

2023-01-18 14:23:10
အရင်းအမြစ်:国际在线

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းကဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးတရုတ် ရိုးရာနှစ်သစ်ကိုအတူ ကြို ဆိုကြပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီကိုယ်စား၊ ဒီမိုကရေစီပါတီအသီးသီးမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ မကြာခင်ကအရွေးခံထားရသည့် ခေါင်းဆောင်များအားလှိုက်လှိုက်လှဲလှဲထောမနာပြုပါကြောင်း၊ ဒီမိုကရေစီပါတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်၊ တစ်သီးပုဂ္ဂလများ၊ ညီညွတ်ရေးတပ်ပေါင်းစုအားစိတ်ရင်းမှန်ဖြင့် နွေဦးပွဲတော် နှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းပါကြောင်းဖေါ်ပြခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်သည် ဒီမိုကရေစီပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာစက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်