ရှီကျင့်ဖိန်သည် ဗီယက်နန်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အမြဲတမ်းအတွင်းရေးမှူး၊ ဗဟိုကော်မတီ ပါတီ ကေဒါခေါင်းဆောင်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးTrương Thị Mai နှင့်တွေ့ဆုံ

2023-04-27 19:52:04
အရင်းအမြစ်:国际在线

ဧပြီလ ၂၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဗီယက်နန်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အမြဲတမ်းအတွင်းရေးမှူး၊ ဗဟို ကော်မတီ ပါတီ ကေဒါခေါင်းဆောင်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးTrương Thị Mai နှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ရှီကျင်ဖိန်က ယခုနှစ်သည် တရုတ်-ဗီယက်နန် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့သည် ၁၅နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး ၂၀၂၂ခုနှစ်က ဗီယက်နန်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng ၏ တရုတ်ခရီးစဉ်အပြီးတွင် တရုတ်-ဗီယက်နန်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးလူးဆက်ဆံရေးအခြေအနေ ကောင်းမွန်လာကြောင်း၊ မိမိအနေနှင့် အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọngနှင့် ဆက်လက် ရင်းနှီးစွာ ကူးလူးဆက်ဆံပြီး တရုတ်-ဗီယက်နန် ဆက်ဆံရေး အတွက် နိုင်ငံရေး လမ်းညွှန်မှုနှင့် မဟာဗျူဟာမြောက် ဦးဆောင်မှုကို အားဖြည့်ပြုလုပ်ရန် ဆန္ဒရှိကြောင်း ဖော်ပြပါသည်။

Trương Thị Maiက ဗီယက်နန်သည် ရှီကျင့်ဖိန် တင်ပြခဲ့သော ကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်များကို ပြတ်ပြတ်သားသား ထောက်ခံထားကြောင်း၊ တတိယအကြိမ်မြောက် “Belt&Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို တရုတ်ပြည်မှ လက်ခံကျင်းပခြင်းကို ထောက်ခံအားပေး ကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ပြည်နှင့် အတူ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ဖော်ပြ ပါသည်။

ရှီကျင့်ဖိန်သည် ဗီယက်နန်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အမြဲတမ်းအတွင်းရေးမှူး၊ ဗဟိုကော်မတီ ပါတီ ကေဒါခေါင်းဆောင်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးTrương Thị Mai နှင့်တွေ့ဆုံ