သမ္မတရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ဗြိတိန်၏ တတိယမြောက် Charles ဘုရင်ကြီး (King Charles III)နှင့် မိဘုရား Camilla၏ ထီးနန်းတက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

2023-05-08 15:40:57
အရင်းအမြစ်:国际在线

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ဗြိတိန်၏ တတိယမြောက် Charles ဘုရင်ကြီး (King Charles III)နှင့် မိဘုရား Camilla၏ ထီးနန်းတက်ခြင်း အတွက် ယခုလ ၆ရက်နေ့တွင် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

၎င်းဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့က လက်ရှိ ကမ္ဘာသည် နက်ရှိုင်းရှုပ်ထွေးသော ပြောင်းလဲမှုကို ရင်ဆိုင်နေရပြီး နိုင်ငံတကာ မိသားစုကြီးသည် မကြုံစဖူး ခက်ခဲသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ တရုတ်နှင့် ဗြိတိန် နှစ်နိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြပြီး ရေရှည် မဟာဗျူဟာမြောက် အမြင်ဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရရှိစေရေး ဖြစ်သည့် ခေတ်ရေစီးကြောင်းကို လက်တွဲ တွန်းအားပေးသင့်ကြောင်း၊ တရုတ်ပြည် အနေနှင့် ဗြိတိန်နိုင်ငံနှင့် အတူ ပြည်သူများ အကြား ချစ်ကြည်ရေး တိုးပွားစေရန်၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး နက်ရှိုင်းစေရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်ပြီး တည်ငြိမ်ကာ အပြန်အလှန် အကျိုးရှိစေသော တရုတ်-ဗြိတိန် ဆက်ဆံမှုဖြင့် နှစ်နိုင်ငံ အတွက်ရော၊ ကမ္ဘာ့ အတွက်ပါ ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုကြောင်း ဖော်ပြထားပါသည်။

သမ္မတရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ဗြိတိန်၏ တတိယမြောက် Charles ဘုရင်ကြီး (King Charles III)နှင့် မိဘုရား Camilla၏ ထီးနန်းတက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့