ရှီကျင့်ဖိန်သည် တရုတ်-ဗဟို အာရှထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပမည်

2023-05-08 16:07:54
အရင်းအမြစ်:国际在线

တရုတ်- ဗဟို အာရှ ထိပ်သီးအစည်းအဝေးကို မေလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ Shaanxi ပြည်နယ် Xi'an မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံသမ္မတ Tokayev ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ Japarov ၊ တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ Rahmon ၊ တပ်မင်နစ္စတန်နိုင်ငံသမ္မတ Berdimuhamedov ၊ ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ Mirziyoyev တို့လည်း ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ကြေညာခဲ့ပါသည်။

ရှီကျင့်ဖိန်သည် တရုတ်-ဗဟို အာရှထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပမည်