ရှီကျင့်ဖိန်သည် အီရီထရီးယားသမ္မတအီစာယာစ်နှင့် တွေ့ဆုံ

2023-05-16 18:59:38
အရင်းအမြစ်:国际在线

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ခရီးလှည့်လည်လာသောအီရီထရီးယားသမ္မတအီစာယာစ်နှင့်မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုနှစ် မေလ ၂၄ ရက်နေ့သည် တရုတ်နှင့် အီရီထရီးယား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ်နေ့ ဖြစ်ပြီးလွန်ခဲ့သည့် နှစ် ၃၀ အတွင်းနှစ်နိုင်ငံတို့သည် အစဉ်တစိုက် အပြန်အလှန် ယုံကြည်အားကိုးပြီးအပြန်အလှန် အားပေးထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံသည် အီရီထရီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြားမိတ်ဆွေနှင့် ရဲဘော် ဖြစ်သည့် ခင်မင်ရင်းနှီးသောဆက်ဆံမှုကိုတိုးမြှင့်ပြီးနှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအဆက်မပြတ် တိုးတက်လာရန် တွန်းအားပေးလိုပါကြောင်းပြောကြားပါသည်။

အီစာယာစ်ကအီရီထရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကိုအားသစ်လောင်းပေးရန် မျှော်လင့်ကြောင်း၊ အီရီထရီးယားနှင့် တရုတ်နိုင်ငံအကြားမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အီရီထရီးယား၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဖေါ်ဆောင်ရေးကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် အီရီထရီးယားသမ္မတအီစာယာစ်နှင့် တွေ့ဆုံ