ရှီကျင့်ဖိန်နှင့် အလယ်အာရှ ၅နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် သတင်းထောက်များနှင့် တွေ့ဆုံ

2023-05-19 18:54:37
အရင်းအမြစ်:国际在线

ယခုလ ၁၉ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှ ၅နိုင်ငံ မှထိပ်သီးခေါင်းဆောင်များသည် ရှီးအန်းမြို့ရှိ နိုင်ငံတကာ ကွန်ဗင်းရှင်း စင်တာတွင် သတင်းထောက်များကို တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုအကြိမ် အစည်းအဝေးသည် နိုင်ငံ အသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှု အတွက် ကောင်းမွန်သည့် အစပျိုး လှုပ်ရှားမှု တစ်ခု ဖြစ်ကြောင်း၊ အားလုံး၏ လက်တွဲ ကြိုးပမ်းမှုများဖြင့် တရုတ်ပြည်နှင့် အလယ် အာရှ နိုင်ငံများ၏ ဆက်ဆံရေး သင်္ဘောသည် လှိုင်းလေ အကြားမှ အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ ချီတက်မည် ဖြစ်ပြီး ၆နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်ရန်တွန်းအားပေးမှုအသစ်ကို ဖော်ဆောင်ပေးကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အတွက် အားကောင်းပြီး အပြုသဘောဆောင်သော အင်အားကို ဆောင်ကြဉ်းလာမည်မှာ မုချမလွဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်နှင့် အလယ်အာရှ ၅နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် သတင်းထောက်များနှင့် တွေ့ဆုံ