ရှီကျင့်ဖိန် သည် တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး အဆိုပြုချက် ၈ချက်ကို တင်ပြ

2023-05-19 18:55:57
အရင်းအမြစ်:国际在线

မေလ ၁၉ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပပြီး မိန့်ခွန်း ပြောကြားရာတွင် တရုတ်နိုင်ငံနှင့်အလယ်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် ၈ချက်ကို တင်ပြခဲ့ပါသည်။

ပထမအချက်မှာ စနစ်တည်ဆောက်ရေးကို အားသစ်လောင်းပေးခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ စီးပွားကုန်သွယ်ရေးဆက်ဆံမှုကို မြှင့်တင်ခြင်း ဖြစ်ပါသည်။ တတိယ အချက်မှာ အပြန်အလှန်ဆက်သွယ်ရေးကို ပိုမိုနက်ရှိုင်းစေခြင်း ဖြစ်ပါသည်။ စတုတ္ထအချက် မှာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြုလုပ်ခြင်း ဖြစ်ပါသည်။ ပဉ္စမအချက်မှာ အစိမ်းရောင်တီထွင်ဆန်းသစ်မှုကို တွန်းအားပေးခြင်း ဖြစ်ပါသည်။ ဆဋ္ဌမအချက်မှာ ဖွံ့ဖြိုး တိုးတက်ရေးစွမ်းရည်ကို မြှင့်တင်ခြင်း ဖြစ်ပါသည်။ သတ္တမအချက်မှာ ယဉ်ကျေးမှု ဆွေးနွေးခြင်းကို အားသစ်လောင်းပေးခြင်း ဖြစ်ပါသည်။ အဋ္ဌမအချက်မှာ ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ပါသည်။

ရှီကျင့်ဖိန် သည် တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး အဆိုပြုချက် ၈ချက်ကို တင်ပြ