ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် မီးရထားလမ်းချော်ပြီး တိုက်မိမှုနှင့် ပတ်သက်၍ အိန္ဒိယသမ္မတMurmu နှင့် ဝန်ကြီးချုပ် Modiထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

2023-06-05 20:26:32
အရင်းအမြစ်:国际在线

ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ Odishaပြည်နယ်တွင် မီးရထား လမ်းချော်ပြီး တိုက်မိမှုကြောင့် လူသေကြေဒဏ်ရာရရှိမှု ပြင်းထန်စွာဖြစ်စေခဲ့ခြင်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ သမ္မတMurmu နှင့် ဝန်ကြီးချုပ် Modiထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် မီးရထားလမ်းချော်ပြီး တိုက်မိမှုကြောင့် လူသေကြေဒဏ်ရာရရှိမှု ပြင်းထန်စွာဖြစ်စေခဲ့သည်ကို ကြားသိရသဖြင့် တုန်လှုပ်မိကြောင်း၊ မိမိအနေနှင့် တရုတ်နိုင်ငံအစိုးရနှင့်တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများ အတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း၊ သေဆုံးသူများ၏ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများအား နှစ်သိမ့်ကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က Modi ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ Odisha ပြည်နယ်တွင် မီးရထားလမ်းချော်ပြီး တိုက်မိမှုနှင့် ပတ်သက်၍ အိန္ဒိယသမ္မတMurmu နှင့် ဝန်ကြီးချုပ် Modiထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့