လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှီကျင့်ဖိန် ညွှန်ကြားချက် ပြောကြား

2023-09-28 17:35:39
အရင်းအမြစ်:国际在线

မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ အရေးကြီး ညွှန်ကြားချက်ကို ပြောကြားရာမှာ လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်ရေးသည် ခေတ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဆိုင်ရာ အရေးပါသော မဟာဗျူဟာမြောက်ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ် အတွင်းတွင် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးနည်းလမ်းများစွာကို ရှာကြံဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှု အောင်မြင်မှုများ ရရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဆိုင်ရာ အထွေထွေစမ်းသပ်ရေးပလက်ဖောင်းအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြကြောင်း၊ လမ်းခရီးသစ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တည်ဆောက်မှုအတွေ့အကြုံများကို စုပေါင်းသုံးသပ်သည့်အခြေခံပေါ် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ မြှင့်တင်ရေး မဟာဗျူဟာကို နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်ပြီး ဆက်လက်စူးစမ်းလေ့လာကာ အဆင့်ပိုမိုမြင့်မားသည့် လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များကို ကြိုးပမ်းတည်ဆောက် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်မှု ၁၀ နှစ်ပြည့် ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့က ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟိုလိဖုန်း သည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်ကို တစ်ဆင့်ပြောခဲ့ပါသည်။

လွတ်လပ်သော ကုန်သွယ်ရေး ရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှီကျင့်ဖိန် ညွှန်ကြားချက် ပြောကြား