ရှီကျင့်ဖိန်သည် ဖီဂျီ နိုင်ငံသမ္မတ ကာတိုနီဗီရေအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

2023-10-10 20:25:00
အရင်းအမြစ်:国际在线

ဖီဂျီနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည့် ၅၃ နှစ် ပြည့်မြောက်သည့်နေ ဖြစ်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖီဂျီ နိုင်ငံသမ္မတ ကာတိုနီဗီရေအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ဖီဂျီ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း၊ မိမိသည် တရုတ်နှင့် ဖီဂျီ ဆက်ဆံမှုကို လွန်စွာ အလေးထားပြီး သမ္မတ ကာတိုနီဗီရေနှင့် လက်တွဲပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ရေရှည် တိုးတက်ရန် တွန်းအား ပေးလို ပါကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားပါသည်။

ယင်းနေ့၌ပင် တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည်လည်း ဖီဂျီ ဝန်ကြီးချုပ် ရမ်ပူကာအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ဖီဂျီ နိုင်ငံသမ္မတ ကာတိုနီဗီရေအား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့