ပြန်ကြားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက် ပြောကြား

2023-10-10 20:26:51
အရင်းအမြစ်:国际在线

မကြာခင်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက် ပြောကြားရာတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းသည် ပါတီ၏ ရှေ့ရေးနှင့် ကံကြမ္မာ၊ နိုင်ငံတော် ရေရှည် စီမံအုပ်ချုပ်ရေးနှင့် အေးချမ်းတည်ငြိမ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်မှုတို့နှင့်ပါ သက်ဆိုင်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ၏ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို‌ ကော်မတီသည် အခြေအနေ တစ်ခုလုံးကို ထည့်သွင်းစဉ်းစားပြီး မဟာဗျူဟာအမြင် အရ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းကို စည်းစနစ်ကျသည့် စီမံကိန်းချမှတ်ခြင်းနှင့် စီစဉ်ပေးခြင်းကို ပြုလုပ်ပြီး ခေတ်ကာလသစ်တွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်း၌ သမိုင်းဝင် အောင်မြင်မှု ရရှိရန် တွန်းအားပေးကာ ပါတီ တစ်ရပ်လုံးနှင့် တစ်နိုင်ငံလုံး တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ ယဉ်ကျေးမှု ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သိသာထင်ရှားစွာ တိုးမြင့်စေကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက် ပြောကြား