ရှီကျင့်ဖိန်သည် ယန်စီမြစ် အမျိုးသားယဉ်ကျေးမှုဥယျာဉ်၏ ကျိုကျန်းမြို့ပိုင်းဇုန်တွင် လေ့လာကြည့်ရှု

2023-10-11 17:26:03
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့၌ ယန်စီမြစ် အမျိုးသား ယဉ်ကျေးမှု ဥယျာဉ်၏ ကျိုကျန်းမြို့ပိုင်းဇုန်သို့ သွားရောက်ပြီး ယန်စီမြစ် အမျိုးသားယဉ်ကျေးမှုဥယျာဉ် တည်ဆောက်ခြင်း၊ ယန်စီမြစ်ကမ်းဒေသများ၏ ဂေဟစနစ် တိုးမြှင့်ခြင်း အကြောင်းအရာများကို လေ့လာကြည့်ရှုခဲ့ပါသည်။

ယန်စီမြစ် အမျိုးသားယဉ်ကျေးမှုဥယျာဉ်ကို ၂၀၂၂ ခုနှစ် ဧပြီလကစတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး “ယန်စီမြစ်ကို ပြည်သူများအတွက် အကျိုးဖြစ်စေခြင်း၊ ပြည်သူများ အဆင်ပြေစေရန် ဆောင်ရွက်ခြင်း၊ ဂေဟစနစ်ကို ဦးစားပေးခြင်း၊ ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ခြင်း”မူအတိုင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ရှီကျင့်ဖိန်သည် ယန်စီမြစ် အမျိုးသားယဉ်ကျေးမှုဥယျာဉ်၏ ကျိုကျန်းမြို့ပိုင်းဇုန်တွင် လေ့လာကြည့်ရှု